songwriter: Ruth Khin Aung
Essential Music Band
Mixing and Mastering - Ko Saw Pi Pi
ယိုင်လဲမနေနဲ့
Pop BalladWritten by: Ruth Khin Aung
ဘာတွေတားဆီးလို့နေလဲ မင်းသွားမယ့်လမ်း ပိတ်ပင်မှုတွေရှိထား
“ဒီလိုမင်းမလုပ်ရဘူး” သူတို့ပြောတဲ့စကားနဲ့ မင်းကျေနပ်နိုင်မလား
တော်ရင်တွန်းချမယ် ကျော်ရင်ချိုးနှိမ်ချင်တဲ့သဘောထားတွေ ကြုံလာချိန်မျိုး
Chorus: အို... ယိုင်လဲမနေနဲ့၊ ခိုင်မာတဲ့စိတ်တို့နဲ့ ယုံကြည်ထားသလိုရှေ့ဆက်
ရင်ထဲကရှိတဲ့ ကိုယ်ပိုင်အိပ်မက်တွေကို...ရှင်သန်ခွင့်ပေးလိုက်တော့...
ဘာတွေမင်းကြောက်လို့နေလဲ နောက်ဆုတ်တော့မှာလား...ရှေ့ကိုတိုးမယ်အစား
“ပြိုင်ရင်မင်းရှုံးနိမ့်မှာဘဲ” သူတို့ပြောတဲ့စကားတွေ မင်းယုံလိုက်တော့မလား
အတောင်ကိုဖြန့်လိုက်ပါ လေဟုန်စီးကာပျံသန်းလိုက်တော့ ဝေဟင်ယံဆီ...
ဘာတွေမင်းကြောက်လို့နေလဲ နောက်မဆုတ်လိုက်ပါနဲ့...ပြီးအောင်ဆက်လုပ်သွား...
အတောင်ကိုဖြန့်လိုက်ပါ လေဟုန်စီးကာပျံသန်းလိုက်တော့ ဝေဟင်ယံဆီ...
Негізгі бет ယိုင်လဲမနေနဲ့ - Paul Austin
Пікірлер: 25