ခါတိုင်းသွားနေကျခရီးမျိုးပါပဲ တမူထူးခြားတာက ကျန်းမာရေးအသိတိုးလာတာပါပဲ
ကိုယ်နဲ့မတည့်တဲ့အစာကို မစားမိဖို့ပေါ့နော်။ ငှက်ပျောမွေး ဖီးကြမ်းတော့မဟုတ်ဘူး။ ဖီးကြမ်းက ကြိုက်သလောက်စားဘာမှ မဖြစ်တာ။ ငှက်ပျောမွေးက စားတိုင်း အော့အန်တာပဲ။ နေ့လယ်စာစားပြီးမှ လက္ခဏာပြလာတာ ချွေးတွေပြန်လာတယ် မအီမလည် ဖြစ်လာတယ် ပြီးအော့အန်တာပေါ့။ ဝမ်းလည်း တအားသွားတယ်။ အားအင်တွေ ကုန်ခမ်းလာတယ်။ စက်ဘီး မစီးချင်လောက်အောင်ကိုဖြစ်တာ။
ကိုမင်းဇော်က ကားစီးမလားတဲ့......ကိုယ့်အနာကိုသိတယ် ဗိုက်ထဲက စားထားတာ အကုန်ထွက်ရင် ဓာတ်ဆားလေးသောက်လိုက်မယ် ပြီးရင်တော့ ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာသိနေတော့ ကားမတင်ဖြစ်ဘူးဆိုပါတော့။
နောက်တစ်ခုဆိုးတာက ဂီယာ လမ်းမှာ ကလိလာလိုက်တာ Heavy load အတက်ကြမ်းတဲ့ နေရာရောက်မှ ဂီယာက အကြီးဆုံးကွင်းကြီးကျော်ထွက်ပါလေရော စီးထားတာလည်း cleat ကြီးနဲ့ ဒုတိယ အကြိမ်လဲခြင်းပေါ့။
နောက်ဆို တောင်အကြီးကြီးတက်တော့မယ်ဆို ဂီယာသေချာစစ်ပြီးမှ တက်တော့မယ်။
ညီလေး ခွန်ထီးက အိမ်လိုက်ခဲ့ဆိုတော့ မယကတို့က အိမ်ပြန်ချင်စောနဲ့ မသွားဖြစ်လိုက်ဘူး။ ညီလေးက အိမ်ကို တအားလိုက်စေချင်တာ စိတ်တောင်မကောင်းဘူး။ မုန့်လေးတွေ ဇွတ်ထည့်ပေးလိုက်သေးတယ်။ ညီလေးက အသက်သာငယ်တာ ပေါင်းတတ်သင်းတတ် ပြောတတ်ဆိုတတ်တယ်။ နောက်တစ်ခေါက် တောင်ကြီးရောက်ဖြစ်ရင် ညီလေးကို ဖုန်းဆက်လိုက်ပါမယ်လို.......
ဒီလိုစက်ဘီးပတ်စီးပြီး ရှုခင်းလှလှလေးတွေကို ပြပေးတတ်တဲ့ ဗွီဒီယိုလေး ကြိုက်နှစ်သက်တယ်ဆိုရင်......FACEBOOK PAGE မှာလည်း ကြည့်ရှုအားပေးနိုင်ပါတယ်....
facebook.com/profile.php?...
Music in this video play by me and record with screen recorder
www.musicca.com
Негізгі бет အင်းလေးသွားလိုသူများ မသွားမဖြစ်သွားရမည့် မြို့
Пікірлер: 11