အဆိုတော်အောင်သူ- Myanmar Singer Aung Thu
အဆိုတော်အောင်သူ- Myanmar Singer Aung Thu
အဆိုတော်အောင်သူဘဝဇာတ်ကြောင်း
အားလုံးပဲမင်္ဂလာပါ Sunday Entertainment ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်ကတော့ APKပဲဖစ်ပါတယ်။ ဒီကနေ့တင်ဆက်ပေးချင်တဲ့အကြောင်းရာလေးကတော့ အသံချိုချိုအေးအေးလေးနဲ့ မြန်မာသံစဥ်လောက မှာ တောက်ပခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ အဆိုတော် အောင်သူ အကြောင်းပဲဖြစ်ပါတယ်။
အဆိုတော်အောင်သူကို မကွေးတိုင်း နတ်မောက်မြို့ အရှေ့ဘက် ယင်းချောင်းတစ်ဖက်ကမ်းက လက္ခုပ်ပင်ခေါ် ကျားထူးရွာမှာမွေးဖွားခဲ့ပါတယ်။
အမည်ရင်းမှာဝင်းနောင်ပဲဖြစ်ပါတယ်။
မကွေးမြို့ ဆုံရပ်ကွက် ၁၁လမ်း မှာ နေထိုင်ခဲ့ပြီး ဖခင်ဖြစ်သူ က မြင်းလှည်းထောင်ပြီး ကိုယ်တိုင်မောင်းပါတယ်။ ဝင်းနောင်ကတော့ စက်ချုပ်ပညာသင်ယူပြီး စက်ချုပ်ခဲ့ပါတယ်။
မကွေးယဥ်မွန်တီးဝိုင်းနဲ့လည်း ဖျော်ဖြေပွဲတွေမှာသီချင်းသီဆိုခဲ့ပါတယ်။ စက်ချုပ်အားတဲ့ရက်တွေ အချိန်တွေမှာဆို သီချင်းဆို ခြင်းခတ် ဘိလိယက်ခုံ တွေဆီကို သွားလေ့ရှိပါတယ်။
သူ့ကိုဒီဘဝရောက်အောင်တွန်းပို့ပေးခဲ့သူတွေကအောင်သန်း(ဒစ်စကို) နဲ့ခင်မောင်သန်း(တောကြီး) တို့ပဲြဖစ်ပါတယ်။ရန်ကုန်သွားအဆိုတော်လုပ်ချင်လို့အခွေအကြမ်းလေးတစ်ခွေလောက်လုပ်ပေးပါဆိုလို့ မကွေးမိုးလေဝသရုံးထဲမှာအောင်သန်းရဲ့စက်တွေနဲ့မကွေးယဉ်မွန်တီးဝိုင်းတီးပေးခဲ့ရပါတယ်၊အဲဒီအခွေပိုက်ပြီး အဆိုတော်ရူးလေး ကိုအောင်သူ ရန်ကုန်ကို တက်လာခဲ့ပါတယ်။
ရန်ကုန်ရောက်တော့
အင်းစိန်BOC ကွေ့က ကိုမောင်မောင်အေးတို့ အိမ်အောက်ထပ်မှာဌားပြီးနေထိုင်ခဲ့ပါတယ်။ အဆိုတော်ဘဝကိုရူးသွပ်သူဆိုပေမယ့် ရန်ကုန်မှာလည်း ဝင်ငွေရလမ်းအတွက် စက်ချုပ်ခဲ့ရပါတယ်။ ညေနမိုးချုပ်တဲ့အချိန်ေတွ ဆို သူငယ်ချင်းတွေနဲ့ ဂီတာတီးပြီး အပျော်တမ်း သီချင်းသီဆို ခဲ့ ကြပြန်ပါတယ်။ သူဆိုလိုက်ရင်လည်း အနိုင်တို့ မင်းအောင်တို့သီချင်းတွေပဲများခဲ့ပါတယ်။
တောင်သူကုန်းအထက(၁) ရှေ့က ဂျင်းသုပ်ဆိုင်မှာလည်း ခွက်ပုန်းချတတ်ပါသေးတယ်။
တခါတလေ အင်းစိန်ကနေ မြို့ထဲ သွားဖို့ ဟီးနိုးကားစီးဖို့် တမတ်မရှိလို့ ဘော်ဒါတွေဆီမှာတောင်းခဲ့ရဖူးပါတယ်။ ပွင့်လင်းတယ် ရိုးသားတယ် အရှိကိုအရှိတိုင်းဖော်ရွေတဲ့အတွက် လူချစ်လူခင်လည်းပေါခဲ့ပါတယ်။
လူကအတော်ကိုအေးသလောက်အရက်ကအတော်သောက်တတ်ပါတယ်။ မခိုင်သီချင်းတွေရေးပြီးအသည်းကွဲဇာတ်လမ်းလည်းရှိခဲ့သူပဲဖြစ်ပါတယ်။
မကွေးတိုင်းမင်းဘူးစကုမြို့နယ်အမှတ်၂ ပန်းဘဲတန်းသူ မလတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ကိုအောင်သူ မှာ သား သျှန်ရဲနောင် နဲ့ သမီး နီယွန်းနောင်တို့နှစ်ဦးထွန်းကားခဲ့ပါတယ်။
အောင်သူဆိုတဲ့ နာမည်ကိုတော့
တေးရေးအောင်ငြမ်းသက်က
မှည့်ပေးခဲ့တာပဲဖြစ်ပါတယ်။
တေးပုလဲဦးဘမြင့်ဆီသွားပြီးကျနော်သီချင်းဆိုချင်လို့ပြောတော့..အားလုံးကဝိုင်းဟားပြီးဆိုပြစမ်းလို့ပြောတဲ့အချိန်..ဆိုပြတော့မှ တေးပုလဲကသဘောကျ ပြီး ဆယ်ခွေထုတ်ဖို့် စျေးပေါပေါလေးနဲ့စာချုပ်ချုပ်ခဲ့ကြပါတယ်။ အသစ်ဆိုတော့ ယုံတဝက်မယုံတဝက်နဲ့ ဆိုပါတော့။
တေးရေးမိုးအောင်ကို
;အကိုကျွန်တော့်ကိုလည်းသီချင်းတပုဒ်နှစ်ပုဒ်လောက်ရေးပေးပါအုန်း
ကျွန်တော်အသံသွင်းရတော့မှာလို့သွားပြောတော့
အေးဆိုပြီး၊ နှစ်ပုဒ်ရေးပေးလိုက်ပါတယ်
တပုဒ် ၃၀၀ နဲ့ အဲဒါလည်းအောင်ငြမ်းသက်ရယ် အောင်သူရယ် မိုးအောင် ရယ် အရက်သောက်တာ ကုန်သွားခဲ့ပါတယ်တဲ့။
အဆိုတော်အောင်သူ- Myanmar Singer Aung Thu
အဆိုတော်အောင်သူ- Myanmar Singer Aung Thu
စုပေါင်းစပ်ပေါင်းရေးထားတဲ့ အောင်သူရဲ့ မောင်ရင်ထဲကသုံးရာသီ ရယ်
အဖော်နဲ့ဇင်ယော်ရယ်၊
အခွေလေးကထွက်သွားခဲ့ပါတယ်။
အဲ့တုန်းကတိပ်ခွေခေတ်ဆိုေတာ ့လူသိလာဘာလားဘာမှမသိခဲ့ရပါဘူး။ တခွေကိုေတာ့ဟီတာချီက
၂၅ ကျပ်နဲ့ရောင်းချခဲ့ပါတယ်။ အဲဒါနဲ့အောင်သူကို မိုးအောင်က မေးခဲ့ပါတယ်
ဟေ့ကောင် မင်းဟာက ဘာသံမှမကြားရပါလားလို့၊
ဟာ အကိုကလည်းဗျာ၊
ကျွန်တော်နယ်မှာနာမည်ကြီးနေပြီဆိုပြီးပြန်ပြောခဲ့ပါတယ်တဲ့
မိုးအောင် ရယ်တာမှသေးတောင်ထွက်မတတ်ဆိုပဲ။
အဲဒါကိုအောင်ငြမ်းသက်သူ့ဆရာက
လာပြီးပြောသေးတယ်တဲ့
ဟုတ်တယ်ကွတဲ့၊ နယ်မှာသူ့အသံကြားမှ
ကောက်စိုက်တယ်ဆိုပဲ၊
ဟာ မင်းတို့ဆရာတပည့်နှစ် ယောက် ကလည်းဟုတ်မှလည်းလုပ်ပါကွာလို့၊ ဝိုင်းကြွားနေတယ်ပေါ့လို့မိုးအောင်ကပြောခဲ့ပါတယ်။ ဦးဘမြင့်ကလည်း ဒီကောင်မဆိုးဘူး သူ့ကုသိုလ်ကံပေါ့တဲ့
နောက် ထပ်ပြောလိုက်သေးတယ်၊ လူကတော့အဆိုတော်ဖြစ်မလားမဖြစ်လားမသိသေးဘူး၊
အရက်သမားကတော့ဖြစ်ချင်ချင်ပဲတဲ့။
လူနည်းနည်းသိလာတဲ့နောက်ပိုင်းမှာ
ဇာတ်ပွဲတွေနဲ့ လိုက်ပြီးဆိုခဲ့ပါသေးတယ်။ တွံ တေး ကွန်းခြံကုန်း တပါတ်ကို၇ သောင်းရခဲ့ပါတယ်။
1988အရေးခင်း ဖြစ်ပြီးနောက်ပိုင်း..အဆိုတော်အောင်သူဟာ ပျဥ်းမနားစတိတ်ရှိုးသွားဆိုပြီးနောက်ပိုင်း သီချင်းတွေပေါက်ကာ လူသိများလာခဲ့ပြီး အောင်မြင်လာခဲ့ပါတယ်။
လိန်တိန့်ပိန်တိန် အောင်သူတစ်ယောက် အဆိုရှင်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ကျိုးစားမှု၊အနစ်နာခံမှု၊ မာန်မာန ကင်းမှုတွေက သူ့ဆီမှာ အရမ်းထင်ရှားခဲ့ပါတယ်
မိုးအောင်ကတော့
အကုန်ကောင်း ကြပါတယ် စိတ်နေသဘောထားတွေ
ဟန်ဆောင်ကင်းပွင့်လင်းကြတာတွေ
မကောင်းတာကအားလုံးကအရက်သမားဖြစ်ကုန် ကြတာပဲ ကိုယ်က အဆိုးဆုံးပေါ့လို့ပြောခဲ့ပါတယ်။
သီချင်းဘယ်လိုကောင်းအောင်ဆိုမလည်းဆိုတာ၊အဆိုတော်နာမည်ကြီးဖို့မကြီးဖို့၊ ပိုက်ဆံရရမရရ
ဘယ်လိုသီချင်းဆိုပြီးအရက်သောက်ရသောက်ရ။ သန်းကောင်ကျော်လာနိုးလည်းလိုက်မယ်ဆိုတဲ့ကောင်တွေစု စည်းမိကြေတာ
ပြီးရောပေါ့လို့ မိုးအောင်က ဆက်ပြောခဲ့ပါတယ်။
အောင်မြင်လာပြီးနောက်ပိုင်း
၄နစ် လောက်မှာ မြေကွက်တစ်ကွက် ၂ထပ်တိုက်၁လုံး ဆလွန်းကားတစီးနဲ့
တေးသံသွင်း ဆိုင်တစ်ဆိုင် ပိုင်ဆိုင်လာခဲ့ပါတယ်။
အသက်၃၃နှစ် အရွယ်ကောင်းတုန်း အောင်မြင်နေတုန်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
တာဝတိံ
စုစည်းတင်ဆက်
Негізгі бет အဆိုတော်အောင်သူ- Myanmar Singer Aung Thu
Пікірлер: 131