တွံတေးစိုးအောင်-နိုင်ငံကျော်အဆိုတော်-Ton Tay Soe Aung
တွံတေးစိုးအောင်-နိုင်ငံကျော်အဆိုတော်-Ton Tay Soe Aung
အားလုံးပဲမင်္ဂလာပါ Sunday enter ကနေကြိုဆိုလိုက်ပါတယ်။
ဒီကနေ့ တင်ဆက်ပေးချင်တာလေးကတော့
မယ်ဒလင် တူရိယာတမျိုးတည်းနဲ့ ကျေးလက် မြို့ပြအကြိုက် စတူဒီယိုခေတ်ပေါ် တေးသီချင်းပေါင်း ရာကျော်ကို သီဆိုခဲ့သူ နိုင်ငံကျော် တွံတေးစိုးအောင် အကြောင်း ပဲ ဖြစ်ပါတယ်။
ကျွန်တော် APKပါ။
တွံတေးစိုးအောင်ကို တွံတေးမြို့၊ ရန်ကင်းရွာမှာ အဖ ဦးအုန်း၊အမိဒေါ်သန်းနု တို့ကနေ ၁၉၆၂ မေလ ၂၁ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေကတော့ အသက်မွေးဝမ်းကြောင်းအဖြစ် တောင်ယာလုပ်ငန်းကိုလုပ်ကိုင် ကြသူတွေပဲဖြစ်ပါတယ်။
အသက် ၁၃နှစ်အရွယ်ကတည်းက မယ်ဒလင် စတင်တီးတတ်ခဲ့သူပဲ ဖြစ်ပါတယ်။
ဂီတနဲ့ မယ်ဒလင်ဆရာကတော့ စန္ဒရားကိုသိန်းမင်းရဲ့ ဖခင် တွံတေးဦးသောင်းရွှေ ပဲဖြစ်ပါတယ်။ တွံတေးစိုးအောင်ဟာ (ထိုင်ဝိုင်းလောက) လို့ခေါ် တဲ့ ဂီတလောကကို ၁၉၈၇ ခုနှစ်မှာ စတင်ဝင်ရောက်က်ခဲ့ပြီး ရန်ကုန်ဂီတလောက ထဲကိုတော့ ၁၉၉၄-၉၅ မှာ စတင် ခြေချခဲ့ပါတယ်။၁၉၉၁ ခုနှစ် ကစပြီးတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အစုံ ကျေးရွာအနှံ့ မယ်ဒလင်တစ်လက်နဲ့ တကိုယ်တော် ဖြန့်ကျက်ရင်း ပရိသတ် ေတွနဲ့ ထိတွေ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တွံတေးစိုးအောင်ဟာ နယ်လှည့်သီဆို ဖျော်ဖြေရင်း တွံတေးမြို့မှာ ရှိ တဲ့အကိုင်းတေးသံသွင်း ကိုမြင့်ဦးရဲ့ ဆိုင်မှာ ကက်ဆက်တလုံးနဲ့ အပျော်တမ်းအသံသွင်းယူရာကနေပြီတော့ ပရိသတ်လက်ခံလာခဲ့ပြီး ဂီတလောကထဲမှာ အောင်မြင်မှုရရှိလာခဲ့ပါတယ်။
အဲဒီနောက်မှာ နိုင်ငံအနှံ ပရိသတ်များရဲ့ အားပေးမှု ရ ရှိလာခဲ့ပါတယ်။
ပထမဆုံး တကိုယ်တော်စီးရီးမှာ “ကိုကိုလို့ခေါ်ပါ ”ပဲဖြစ်ပါတယ်။ အခြားအောင်မြင်ခဲ့တဲ့ တေးသီချင်းတွေကတော့ “အသည်းပန်း”၊ “ဦးနဲ့သမီး”၊“ ရွှေကြာလိုအချစ်”၊ “ချစ်လို့ကြွေတဲ့အသည်း” စတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။
တေးစီးရီးတစ်ခွေကို မယ်ဒလင်တစ်လက်၊ရေသန့်တစ်ဗူးဖြင့် တစ်ထိုင်တည်းအပြီး အသံသွင်းနိုင်သူအဖြစ် ကျော်ကြားခဲ့ပါတယ်။
တွံ့တေးစိုးအောင်ဟာ ရုပ်ရှင်၊ဗီဒီယိုနဲ့ ကာရာအိုကေ ဇာတ်လမ်းတွဲတွေ အပါအဝင် ရာဇဝင်ကားအချို့မှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပြီး ဇာတ်ကားပေါင်း ၁၆ကား ရိုက်ကူးခဲ့ပါတယ်။ ကြောင်ကမ္ဘာရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တဲ့ “ပုလင်းတူဗူးဆို့ ” ဇာတ်ကားမှာ သရုပ်ဆောင် ကျော်ဟိန်းနဲ့ တွဲဖက်ပြီး ရိုက်ကူးခဲ့ပါတယ်။ ကျော်ဟိန်းနဲ့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ၂ကားရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ပိုင်းထက် ဂီတပိုင်းကိုသာ ဇောက်ချလုပ်ကိုင်သွားခဲ့ပါတယ်။
ဇနီးဖြစ်သူဒေါ်ခင်မာချိုနှင့် လက်ထပ်ခဲ့ပြီးတော့ တွံတေးဟိန်းကျော် ဆိုတဲ့သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။
နိုင်ငံကျော် အဆိုကျော် တွံတေးစိုးအောင်ဟာ ၂၀၂၃ မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီ ၃ မိနစ် မှာ ကြည့်မြင်တိုင်မြို့နယ်၊ထီးတန်းစက်မြေရပ်ကွက်၊ပန်းလှိုင်လမ်းနေအိမ်မှာ ဦးနှောက်သွေးကြောပြတ်ပြီး ွ အသက် ၆၁ နှစ် မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မတ်လ၁၁ ရက် စနေနေ့မှာ ထိန်ပင်သုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ မတ်လ ၁၂ရက်မှာ အမျိုးသမီး ဒောခင်မာချိုရဲ့ဇာတိဖြစ်တဲ့ တွံ့တေးမြို့နယ် အရှေ့အရိုးတောင်ရွာ မှာ အရိုးအုတ်ဂူ သွင်းခဲ့ပါတယ်။
1. မင်းထက်လှလည်း မင်းလောက်မလှဘူး အခွေ။(၁၉၉၇ ခုနှစ်)
2. ညှို့မျက်ဝန်းမှ အသည်းလက်ဆောင် အခွေ။(၂၀၀၂-ခုနှစ်)
3. အချစ်စွန် အခွေ။
4. လက်ထပ်ဖို့ပြန်လာပြီ အခွေ။ (၁၉၉၉-ခုနှစ်)
5. မေတ္တာရွက်ပုန်းသီး အခွေ။ (၂၀၀၂-ခုနှစ်)
6. တွံတေးသားနဲ့ ရန်ကုန်သူ အခွေ။(၁၉၉၉-ခုနှစ်)
7. မခွဲနိုင်လို့လိုက်ခဲ့တယ် အခွေ။ (၂၀၀၀ - ခုနှစ်)
8. ထားဝယ်မလေး အခွေ။ (၁၉၉၇) ခုနှစ်။
9. မနှုတ်ရက်လေသောဆူး အခွေ။ (၁၉၉၉-ခုနှစ်။)
10. မေဘယ်လိုဆုံးဖြတ်တာလဲ အခွေ။
11. မေဆုံးဖြတ်တာကျေနပ်တယ် အခွေ။ (၁၉၉၇-ခုနှစ်)
12. တွံတေးအမှတ်တရတေးများ အခွေ။(၁၉၉၇-ခုနှစ်)
13. အပိုင်ယူမယ် အခွေ။ (၁၉၉၇-ခုနှစ်)
14. လှူကြမယ် ပျော်ကြမယ် အခွေ။ (၂၀၀၀-ခုနှစ်)
15. ကျေနပ်တယ် အခွေ။ (၁၉၉၆ - ခုနှစ်)
16. နွဲ့ဒေဝီ အခွေ။ (၁၉၉၅-ခုနှစ်)
17. အချစ်သမားလေး မျက်ရည်မခိုင်ဘူး အခွေ။ (၂၀၀၁ ) ခုနှစ်။
18. အပွင့်တစ်ရာအညှာတစ်ခက် အခွေ။ (၂၀၀၀-ခုနှစ်)
19. အသည်းပန်း အခွေ။ (၁၉၉၆-ခုနှစ်)
20. သန့်သန့်လေးချစ်မယ် အခွေ။ (၁၉၉၉-ခုနှစ်)
21. တစ်ချိန်တုန်းက ကြင်နာသူ အခွေ။ (၂၀၀၁-ခုနှစ်)
22. မောင့်ငယ်ကျွမ်း အခွေ။ (၁၉၉၆-ခုနှစ်)
23. ကျွန်တော်တင်တဲ့ရွှေမင်းသမီး အခွေ။ (၂၀၀၅-ခုနှစ်)
24. စိတ်ဝင်စားတယ် အခွေ။ (၁၉၉၆-ခုနှစ်)
25. သီတာဘယ်မှာလဲ အခွေ။ (၁၉၉၇-ခုနှစ်)
26. အကောင်းဆုံးတေးများ အခွေ။ (၁၉၉၆-ခုနှစ်)
27. အူကြောင်ကြားမလေး အခွေ။ (၁၉၉၇-ခုနှစ်)
28. မြန်မာမလေးလှပါတယ် အခွေ။ (၁၉၉၇-ခုနှစ်)
29. ရင်ထဲကဆူး အခွေ။ (၁၉၉၇-မယ်ဒလင်တေးများ)
30. နေရာဟောင်းမှာ ဆုံကြမယ် အခွေ။ (၁၉၉၆-ခုနှစ်)
31. ရွှေဖြစ်မယ့် မယ်ဒလင် အခွေ။ (၂၀၀၀ - ခုနှစ်)
32. အကောင်းဆုံးရွှေရောင်သံစဉ်တေးများ အခွေ။ (၁၉၉၇-ခုနှစ်)
33.
ကျေးဇူးအထူးပဲတင်ရှိပါတယ် နောက်ထပ်များမှာလည်း အထုပ္ပတိ အတို လေးတွေကို ဆက်လက်ပြီးတော့ တင်ဆက်ပေးသွားပါဦးမယ်။ စောင့်မျှော် နားထောင်အုးပေးကြပါဦးခင်ဗျား။
Негізгі бет တွံတေးစိုးအောင်-နိုင်ငံကျော်အဆိုတော်-Ton Tay Soe Aung
Пікірлер: 6