🏵️ ယနေ့ (၉/၁/၂၀၂၂)ရက်နေ့ မြတ်ဆရာ ဦးမောင်မောင် နိဗ္ဗာန်စံဝင်သွားသည်မှာ ငါးလတိတိပြည့်ခဲ့ပါပြီ။
🏵️ ဆရာချမှတ်လမ်းပြခဲ့သော ဝိမုတ္တိ လမ်းကြောင်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းရင်း မှတ်သားဖွယ်ရာ စကားစုလေးကို WTC မိတ်ဆွေများအတွက် တင်ပြရင်း မြတ်ဆရာကို လက်ဆယ်ဖြာမိုး၍ ဦးခိုက်လိုက်ရပါတယ်🙏🙏🙏
🏵️ ဤဓမ္မသာကစ္ဆာ တရားဆွေးနွေး ဟောပြောပို့ချချက်များမှာ တပည့်သာဝက တစ်ဦး၏ နေအိမ်တွင် (၂၆/၈/၂၀၁၇)ရက်နေ့က ပြုလုပ်ခဲ့သော တရားပွဲဖြစ်ပါသည်။
🏵️ ရှိပြီးသားပညာကို ဆရာဦးမောင်မောင် ရေးသားခဲ့သော "မီးထဲမှာပွင့်သော ကြာ" စာအုပ်ထဲမှ WTC ပရိတ်သတ် များကို ကောက်နုတ် တင်ပြလိုက် ပါသည်။
🏵️ ရှိပြီးသားပညာ 🏵️
🏵️ အဝိဇ္ဇာမကင်းလျှင် အာရုံတွင်ပေါ်သော ဓမ္မတရားအားလုံး
သည် လောကီစိတ်၊ စေတသိက်များသာဖြစ်၍ ကိလေသာအစဉ် ရှိသဖြင့် ဒုက္ခ အစဉ်ရှိနေပါသည်။ သစ္စာလေးပါးအား တပြိုင်တည်းသိမြင်ခွင့်ရသူများအဖို့မူ အာရုံတွင်ပေါ်သမျှသည် အဖြစ်တရား တစ်ခုသာမှန်၍ အရှိတရား မဟုတ်သောကြောင့် တရားအားလုံး စင်ကြယ်နေကြောင်း သိမြင်ပြီးလျှင် ဒုက္ခအပေါင်း ချုပ်ဆုံး နေကြပါသည်။
🏵️ ဒုက္ခအစဉ်ကုန်ဆုံးနေသော နိရောဓသစ္စာ နိဗ္ဗာန်သည်
အသင်္ခတ ဟု အဓိပ္ပါယ်ရသဖြင့် မည်သည့်အကြောင်းတရားကမှပြုပြင်၍ မရသလို မိမိကိုယ်တိုင် ပြုပြင်နိုင်ခြင်းကင်းပါသည်။
🏵️ ဥဒါန်းပါဠိတော်မှာ - နိဗ္ဗာန်ကို
✅ အဇာတ
✅ အဘူတ
✅ အကတ
✅ အသင်္ခတ ဆိုပြီး ဟောခဲ့ပါသည်။
🏵️ အကတဆိုတာ အကြောင်းအကျိုးကင်းခြင်းကို ခေါ်ပါ
ပါတယ်။
🏵️ ဒုက္ခကုန်ဆုံးအောင် ပြုလုပ်ထားသူမရှိပါ။ ဒုက္ခအစဉ်
ကုန်ဆုံးသည်ကိုသိသောဉာဏ်သည် ကုန်ဆုံးအောင်အားမထုတ်ရပဲ ကုန်ဆုံးရာနှင့် နေနိုင်သွားပြီ ဖြစ်ပါတယ်။ ပေါ်သမျှ အာရုံတို့ကိုစင်ကြယ်အောင် အားထုတ်စရာမလိုဘဲ သဘာဝစင်ကြယ်နေကြောင်းသိမြင်ပါက စင်ကြယ်ခြင်းတရားနှင့်အတူ နေနိုင်သွားပါသည်။ ထိုသို့ အာရုံတရားအားလုံးသဘာဝ သူ့သဘောအတိုင်း မူလကတည်းက စင်ကြယ်နေကြသည်ကို သိမြင်သောပညာမှာလည်း ရှိပြီးသားပညာ သာဖြစ်ပါသည်။
🏵️🏵️🏵️
🏵️ တရားပြသူဆရာမှာလည်း ခန္ဓာဝန်ချပြီးဖြစ်သလို တရားမေး တရားနာ ပရိသတ်အချို့မှာလည်း အသီးသီး ကျွတ်တမ်းဝင်ပြီး ဖြစ်ကြပါသည်။
🏵️ WTC ၏ ပရိသတ် ဓမ္မမိတ်ဆွေများအနေနှင့် ပုဂ္ဂိုလ်ကိုမမြင် တရားကိုသာ ဆင်ခြင်နှလုံးသွင်းရင်း တရားထူးတရားမြတ်များ လွယ်ကူလျင်မြန်စွာ ရရှိနိုင်ကြပါစေ။
🏵 ဝယဓမ္မသင်္ခါရာအပ္ပမာဒေးနသမ္မာဒေထ
🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
🏵️ တရား အပိုင်း(၂)ကို (၁၆/၁/၂၀၂၂) တနင်္ဂနွေနေ့ တွင် ဆက်လက်တင်ပြပါမည်။
Негізгі бет C (13) - "ရှိပြီးသားပညာ" တရားတော် အပိုင်း(၁)
Пікірлер: 20