ဒီနေ့တော့ရိုးရိုးလေးနဲ့မြန်မြန်ချက်စားလို့ရတဲ့ဒံပေါက်ချက်နည်းလေးတင်ပေးလိုက်ပါတယ်,အားလုံးလဲကြိုက်ကြမယ်ထင်ပါတယ်
ဦးနိုင်ကတော့ကိုယ်ဟာကိုချက်ကိုယ့်ဘာသာစားပီးကျေနပ်နေပြီလေ,ကြက်သားကတော့ဒံပေါက်ကြက်ကိုဘဲသုံးထားပါတယ်,အရသာနယ်ပီးနှပ်တဲ့နေရာမှာအသားကိုလည်းအရသာဝင်အောင်နယ်မယ်,နူးအိနေဖို့လည်း
ကြာကြာနယ်ပေးရပါမယ်,ထမင်းနဲ့ရောသွားတဲ့အချိန်မှာအရသာကွက်တိဖြစ်ဖို့ကြက်သားချက်ပီးလိုရပြီဆိုရင်အရသာမြည်းကြည့်ဖို့လိုပါတယ်,ထမင်းချက်တဲ့နေရာမှာလည်းရေငှဲ့ရင် ဆန်ရဲ့ သုံးပုံတပုံ အစေ့ကျန်တဲ့ချိန်မှာငှဲ့မှဆန်သားလေးကရှည်ရှည်ကော့ကော့လေးဖြစ်နေမှာပါ,ချက်ပြုတ်ပုံအဆင့်ဆင့်ကိုအသေးစိတ်ပြောပြထားတာကြောင့်နားလည်သဘောပေါက်ကြမယ်ထင်ပါတယ် ကြည့်ရှု့ပေးတဲ့တစ်ဦးချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ပါဝင်ပစ္စည်းများ
-ဒံပေါက်ကြက် = ၂ကောင်
-ဆန် =၅လုံး
-ထောပါတ် =၁၀သား
-ပဲဆီ =၅ကျပ်သား
- ကြက်သားမှုန့် = ၂စပဇ
-ဆား = ၁စပဇ
-ဂျင်း = လက်နှစ်ဆစ်
-ကြက်သွန်ဖြူ =၂ လုံး
-ကြက်သွန်နီ =၁၀လုံး
-နနွင်းမှုန့် =၁/၂ လဖဇ
-ဒံပေါက်မဆလာ= ၂ လဖဇ
-ဒိန်ချဥ် =အနည်းငယ်
-သစ်ကြပိုး =လက်နှစ်ဆစ်
-လေးညင်း =၁၀ခု
-ကုလားဝေး =၄ရွက်
-ဖာလာ = ၁၀စေ့
-နို့စိမ်း =၁၀သား
-ကုံကုမံ =အဝါမှုန့်အနည်းငယ်
-သီဟိုစေ့ = အနည်းငယ်
-စပျစ်ခြောက် =အနည်းငယ်
-ပဲစိမ်း =အနည်းငယ်
-ဥနီ =အနည်းငယ်
-ပူတီနံ =အနည်းငယ်
ဦးနိုင်အစားတလိုင်းကမိတ်ဆွေများ KZitem Channelမှာ Subscribe နဲ့ Notificationခေါင်းလောင်းလေးနှိမ့်ပီးအားပေးပါအုံးလို့မေ တ္တာရပ်ခံပါတယ်ခင်ဗျာ#
Oo Naing အစားတလိုင်း_KZitem Channel
/ oonaingasartalinecooki...
Oo Naing အစားတလိုင်း_FaceBook Page
/ oonaingg
Oo Naing အစားတလိုင်း_Instagram page
/ oonaingasartaline
Oo Naing A Sar Ta Line ကိုဝင်ရောက်ကြည့်ရှု့သူများအားလုံးကျန်းမာချမ်းသာဘေးဘရာဝေးကွာကြပါစေဗျာ။
Негізгі бет Chicken Biryani(ကြက်သားဒံပေါက်)
Пікірлер: 53