စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက် (ရုပ်/သံ)
ဘုန်းအောင် ၊ ဇူလိုင် ၅ ၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ တပတ်အတွင်းစစ်တပ်ရဲ့ စခန်းပေါင်း ၃၁ ခုကို သိမ်းပိုက်နိုက်ခဲ့တယ်လို့ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတရားဝင်ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်စစ်ဆင်ရေးမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတဲ့ NUG လက်အောက်ခံ PDF တပ်တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စခန်း ၈ ခုပါပါရင် စုစုပေါင်း တပ်စခန်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဟာ ပထမအကြိမ်တုန်းကလိုပဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လူအင်အားနဲ့ လေကြောင်းအင်အားသုံး ခုခံမှုတွေရှိခဲ့ပေမယ့် စစ်ရေးအရ အရေးပါတဲ့ တပ်စခန်း တွေဆုံးရှုံးတာ၊ လက်နက်ချခိုလှုံတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုဆက်တိုက် ဖြစ်ပွားနေတာပါ။
#၁၀၂၇ #TNLA #ရှမ်းမြောက် #မတ္တရာ
------------------------------------------------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет စစ်ဆင်ရေး တပတ်အတွင်း တပ်စခန်း ၄၀ ခန့် သိမ်းပိုက်
Пікірлер: 59