လားရှိုးမြို့ ပတ်လည်က စစ်တပ်စခန်းတွေကို စတင်တိုက်ခိုက် (ရုပ်/သံ)
စောမေရီ၊ ဇူလိုင် ၄၊ ၂၀၂၄
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေက ဇူလိုင် ၂ ရက်၊ ည ၁၁ နာရီဝန်းကျင်က စတင် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
လားရှိုးမြို့က စစ်ကောင်စီရဲ့ ရှေ့တန်းခုခံစစ် တပ်စခန်းတွေဖြစ်ကြတဲ့ လားရှိုး-မိုင်ယော်လမ်းက မိုင်းတင်တပ်စခန်း၊ လားရှိုး-သီပေါလမ်းက မန်စံ ရေကျတပ်စခန်း၊ လားရှိုး-မိုင်းရယ်လမ်းက နမ့်ပေါင်တပ်စခန်းနဲ့ လားရှိုး-နမ္မတူလမ်းက ညောင်ကုန်းတပ်စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီဘက်က မြို့လယ်ခန်းမမှာ တပ်စွဲထားတဲ့ အမြောက်တင့်ကားတွေနဲ့ လှည့်ပတ်နေသလို၊ မြို့ပေါ်က ပြည်သူ့စစ်တပ်ဖွဲ့တွေကိုလည်း မြို့အဝင်၊ အထွက်တပ်စခန်းတွေဆီ ပို့ထားပြီး စစ်ပြင်နေတယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တပ်ရင်း ၁၀ ရင်း၊ အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကျော်နဲ့ စကခ ၁၆ လက်အောက်ခံ တပ်ရင်း ၄ ရင်းအပြင် အမြောက်တပ်တွေနဲ့ စစ်ကောင်စီက အခိုင်အမာ အထိုင်ချထားတဲ့ မြို့ကြီးဖြစ်တာကြောင့် ညီနောင်သုံးဖွဲ့အနေနဲ့ လားရှိုးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ဖို့ အချိန်ယူရနိုင်တယ်လို့ ဝါရင့်စစ်ရေး သုတေသီတွေက သုံးသပ်နေကြပါတယ်။
Негізгі бет လားရှိုးမြို့ ပတ်လည်က စစ်တပ်စခန်းတွေကို စတင်တိုက်ခိုက်
Пікірлер: 152