တိုက်ပွဲအတွင်း စစ်အုပ်စု (၁၁)ယောက် သေကာ (၁၅)ယောက် လက်နက်ချ၊
ထင်လင်း/MFP ၊ မေ - ၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ရွာ စစ်အုပ်စု စခန်းကို ဧပြီ(၂၈)ရက်က စီးနင်း တိုက်ခိုက်ခဲ့ရာ စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး ဒု-ဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်အုပ်စု (၁၁)ယောက် သေကာ၊ (၁၅)ယောက် လက်နက် ချတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) - MDY-PDF ၊ စစ်ဦးစီးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဧပြီ(၂၈)ရက် မနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ရွာ စစ်အုပ်စု အထိုင်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်နက်(၁၉)လက်နဲ့ (၆၀မမ)စိန်ပြောင်း တစ်လက် ရရှိကာ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှု တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု (၁၅)ယောက် လက်နက်ချပေမယ့် ဒု-ဗိုလ်မှူးကြီး တင်ကိုကတော့ လက်နက်မချဘဲ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ရာ သေဆုံးတယ်လို့ MDY-PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်အော်စမွန်က MFP ကို ပြောပါတယ်။
“လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်” လို့ ရဲဘော် အော်စမွန်က ပြောပါတယ်။
စဉ့်ကူးနယ် ဝါးပိုးချပ်ရွာမှာ စစ်အုပ်စု စခန်းနှစ်ခု ရှိပြီး စခန်းနှစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရဲဘော်အော်စမွန်က ရှင်းပြပါတယ်။
ဧပြီ(၂၈)ရက် မနက်ပိုင်းက စဉ့်ကူးမြို့နယ် ဝါးပိုးချပ် ကျေးရွာ စစ်အုပ်စု အထိုင်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဒုတိယ ဗိုလ်မှုးကြီး တင်ကို အပါအဝင် စစ်အုပ်စု (၁၁)ယောက် သေကာ (၁၅)ယောက် လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ တိုက်ပွဲအပြီး လက်နက်ငယ် (၁၉) လက်နဲ့ (၆၀မမ) စိန်ပြောင်း တစ်လက် အပါအဝင် ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ MDY-PDF က မနေ့က ထုတ်ပြန်ပါတယ်။
“စဉ့်ကူးမြို့နယ် ဝါးပိုးချပ် ကျေးရွာ တိုက်ပွဲတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစုံတရာ မရှိခဲ့ပါ” လို့လည်း MDY-PDF က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ယခင်နေ့ကမှ ဝါးပိုးချပ်ရွာဘက် ရောက်လာတာလို့ ဒေသခံ မြေပြင်ကင်းထောက် တစ်ဦးက ပြောပါတယ်။
MDY-PDF အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် စစ်အုပ်စုရဲ့ အရေးပါတဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူနေပြီး ပြီ(၁၅)ရက်ကလည်း မေမြို့နဲ့ (၁၀)မိုင်ခန့်အကွာ၊ နောင်ချိုနယ်က သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။
#Mandalay_Free_Press_MFP
Негізгі бет စဉ့်ကူးတိုက်ပွဲမှာ လက်နက်မချတဲ့ ဒု-ဗိုလ်မှူးကြီး တင်ကို ပစ်သတ်ခံရ၊
Пікірлер: 214