စပါးဂူမှာ ရသေ့ပျံ ရေလှိုဏ်ဂူသို့ သွားရာလမ်းမှ ဖြတ်သန်းရသည်။ နွေရာသီတွင် ကား၊ဆိုင်ကယ်တို့ဖြင့် သွားရောက်နိုင်ပြီး မိုးရာသီတွင် လှေဖြင့်သွားရပါသည်။ မိုးရာသီတွင် လှေဖြင့်သွားရသည်က ပတ်ဝန်းကျင်ရှုခင်းအလှ စိမ်းလန်းစိုပြေသည့် မြင်ကွင်းပဒသကို ခံစားကြည့်ရှုနိုင်သည်။ ရသေ့ပျံ လှေဆိပ်မှ လှေငှား၍ သွားရောက် လည်ပတ်နိုင်ပါသည်။
အရပ်စကားအရ ရှေးယခင်က သူခိုးဓားပြရန်မှ ကင်းဝေးရန် အဆိုပါဂူ၌ စပါးများသိုလှောင်သိမ်းဆည်းရာမှ စပါးဂူဟု ခေါ်တွင်ကြောင်း သိရပါသည်။
စပါးဂူသို့ လာမည်ဆိုပါက ကွန်ပျူတာတက္ကသိုလ်တည်ရှိရာ ဘားကပ်ကျေးရွာ မှ တဆင့် ရသေ့ပျံဂူရှိရာသို့ ကား၊ဆိုင်ကယ်၊မီနီအိုးဝေဖြင့် လာရောက်နိုင်ပါသည်။
#traveldiary31 #zawhlaingtun #ဘားအံ #ကရင်ပြည်နယ် #စပါးဂူ #ရသေ့ပျံကျေးရွာ #ဘားကပ်
Негізгі бет စပါးဂူ သို့
No video
Пікірлер