သင်္ကြန်ပိတ်ရက်မှာ အိမ်မှာ ချက်စားရလွယ်ကူတဲ့ ဖက်ထမင်းပေါင်းလေးပါ။ ထမင်းပူပူပေါ်မှာ ဟင်းအနှစ်ချိုချိုမွှေးမွှေးရယ်။ ကြက်ကြော် ဒါမှမဟုတ် မိမိစိတ်ကြိုက် ဟင်းရယ်တွဲဖက်စားသုံးနိင်ပါတယ်ခင်ဗျာ
Theingi Rice - သိင်္ဂီရွှေဘိုပေါ်ဆန်းမွှေး ဧရာပေါ်ဆန်း၊ အားဖြည့်ဆန် မှာချင်တဲ့ သူတွေအနေနဲ့ ဒီဖုန်းလေး ကို 09766669299 ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ
သိင်္ဂီရွှေဘိုပေါ် ဆန်း နဲ့ ဆန်ချိန်ခွက် ၃ ခွက်စာ ထမင်းချက်ထားပါမယ်။
ကြက်သားကို ဆား။ နနွင်း။ အချိုမှုန့်။ ဂျင်း ကိုညှစ်ပြီး အရည်များများထဲ့ပြီး ၁ နာရီလောက် နှပ်ပါမယ်။
ပြီးရင် ဆီမြှုပ်ပြီး ကြော်ပေးပါ။ မီးအားအလယ်အလတ်နဲ့ ၁၀ မိနစ်ခန့်ကြော်ပေးပါ။
ဆယ်ထားပါမယ်။
ဟင်းအနှစ်ချက်ရန်အတွက် ကြက်သွန်ဖြူနဲ့ ဂျင်း ကို ညက်အောင်ထောင်းထားပါမယ်။
ကြက်သွန်နီ ၅ လုံးကို ပါးပါးလှီးထားပါမယ်။
ဒယ်အိုးထဲ ဆီကို၁ ခွက်ကျော်လောက်ထည့်ပြီး ကြက်သွန်နီ ဆီသတ်ပါမယ်။
မွှေးလာရင် (ချင်း)ဂျင်းနဲ့ဖြူ ထည့်ပါမယ်။
အရောင်နည်းနည်းပြောင်းပြီဆိုရင် နနွင်း။ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပါမယ်။ ငရုတ်သီးမှုန့်ကို ထမင်းစားဇွန်း တဝက်လောက်ပဲထည့်ပေးပါ။အနည်းငယ်မွှေပြီးရင်ရင် ကြော်ပြီးသား ကြက်သွန်ကြော် ခွက်တဝက်လောက်ပဲထည့်ပါမယ်။ မွှေပေးပါမယ်။ ပြီးရင် ရေကို ကော်ဖီခွက် တဝက်လောက်ထည့်ပေးပါ။ ရေခမ်းခါနီးမှာ အရသာအတွက် ဆား..ကြက်သားမှုန့်ထည့်ပေးပါ။ (သကြားအစားထိုးနိုင်ပါတယ်)။ မွှေးအောင် မဆလာအနည်းငယ်ထည့်မယ်။
ရေကျန်ဆီကျန် အနေအထားဆိုရင် ထမင်းပေါင်းရဲ့ အဓိက ဟင်းအနှစ်ရပါပြီ။
ဖက်ထဲမှာ ထမင်း။ကြက်ကြော်။ဟင်းအနှစ်။ ချဥ်ပေါင်ဟင်း။ ငရုတ်သီးကြော်။ သံပုရာစိတ်လေး ထည့်ပြီးသုံးဆောင်နိုင်ပါပြီခင်ဗျာ။
သိင်္ဂီရွှေဘိုပေါ် ဆန်း - ၃ ခွက်
ဗမာကြက်ပေါင်
ကြက်သွန်ဖြူ အနည်းငယ်
ကြက်သွန်နီ ၅ လုံး
မဆလာ - အနည်းငယ်
ချဥ်ပေါင်ကြော်
ငရုတ်သီးကြော် (ကျွန်တော်က ငံပြာရည်ကြော်ကိုပဲ ထည့်လိုက်ပါတယ်)
သံပရာသီး
သခွားသီး
မုန်လာဥနီ
တို့လိုအပ်ပါတယ်။
ချက်နည်းလေးက အစ်မ အေးသူဇာဝင်းရဲ့ ချက်နည်းအတိုင်းပြန်ချက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။
Негізгі бет ဖက်ထမင်းပေါင်း
Пікірлер: 26