ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၁၇၅ မျိုးပြောတဲ့နိုင်ငံတစ်ခုရှိပါတယ်။ ပြီးတော့ အဲ့ဒီနိုင်ငံက လူတွေဟာ ကမ္ဘာပေါ်မှာ စာရိုက်အများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့ လက်ဝှေ့ထိုးခြင်းဟာ ဒုစရိုက်မှုနှုန်းကို တိုက်ရိုက်လွှမ်းမိုးမှုရှိတယ်လို့ပြောရင် သင်ယုံမလား။
ဒါသိပ်တော့ မယုံနိုင်စရာပဲနော်။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒါမျိုးတွေတကယ်ကိုရှိပါတယ်။
၁၄။ ဘာသာစကား ၁၇၅ မျိုးအထက်ကို ပြောကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ တရားဝင်ဘာသာစကား ၂မျိုးရှိပါတယ်။ဖိလစ်ပိုင် ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားပါ။ နိုင်ငံရဲ့အစိုးရကတော့ လုပ်ငန်းသုံးမှာအင်္ဂလိပ်စကားကိုပဲပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အင်္ဂလိပ်စကား အပြောအများဆုံးနိုင်ငံတွေထဲမှာ အမေရိက၊အိန္ဒိယ၊ပါကစ်စတန်နဲ့ ယူကေ တို့ပြီးရင် နံပါတ် ၅ နေရာမှာ ရှိပါတယ်။ ဒါတွေကတော့ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံမျိုးပါ။ဒါပေမဲ့ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာစကားအမျိုးမျိုးပြောကြတဲ့ အဖွ့ဲပေါင်းစုံဟာ သူတို့အချင်းချင်း ဆက်သွယ်ပြောဆိုဖို့ကို ဘာသာစကား ၁၇၅ မျိုးကျော်နဲ့ ပြောဆိုဆက်သွယ်ကြပါတယ်။ ဒီဘာသာစကားတော်တော်များများက အပြောပုံစံဖြစ်တဲ့အတွက်ကြောင့် တိတိကျကျရေတွက်ဖို့တော့ ခက်ပါတယ်။
၁၃။ သူတို့ရဲ့မြို့တော်ဟာ တစ်နိုင်ငံလုံးမှာ လူဦးရေ အထူထပ်ဆုံးဖြစ်ပါတယ်။ မြို့တော် မနီလာ နဲ့အခြား ဝန်းရံထားတဲ့ မြို့ပေါင်း ၁၆ မြို့ဟာ လူဦးရေ ၁၂.၈ သန်းရှိတဲ့ မက်ထရိုမနီလာ(မနီလာမြို့တော်ကြီး)ကို ဖွဲ့စည်းထားပါတယ်။ လူတွေက မြို့တော်မှာ လာပြီးအလုပ်လုပ်ကြတဲ့အတွက် နေ့အချိန်တွေမှာဆို ပိုပြီးတောင်များပါသေးတယ်။ ဒီလူဦးရေ က သိပ်ပြီးမထူးဆန်းပေမဲ့ ဒီလူတွေအားလုံးက ၁၆.၅၆ စတုရန်းမိုင်ဧရိယာအတွင်းမှာ နေထိုင်ကြပါတယ်။ ဒီပမာဏဟာလူဦးရေ ထူထပ်မှုမှာ တစ်စတုရန်းပေမှာ လူပေါင်း ၁၁၁,၀၀၂ ဦးနေထိုင်ပြီး ဥပမာ မွမ်ဘိုင်း ဒါမှမဟုတ် ပါရီမြို့မှာရှိတဲ့ လူဦးရေထက် ၅ ဆပို များတယ်ဆိုတာကတော့ မှတ်သားစရာအချက်တစ်ခုပါ။
Негізгі бет ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများ ကွာခြားချက် ၁၄ ချက် (ပ)
No video
Пікірлер: 17