Please subscribe The Reader Myanmar: bit.ly/TheReaderMyanmar
တောင်ကိုရီးယားနိုင်ငံဟာ ခေတ်ပေါ်နည်းပညာများနှင့် ရှေးခေတ်ထုံတမ်းယဉ်ကျေးမှုတွေ လိုက်လျောညီစွာ ပေါင်းစပ်စီးဆင်းပြီး အများနှင့်မတူ တမူထူးခြားတဲ့ ဝိသေသများနှင့် ပြည့်နှက်နေတဲ့အတွက် လေ့လာမိလေလေ ပိုပြီး ထူးခြားတဲ့ အခြင်းအရာတွေကို တွေ့မြင်ရမှာ အမှန်ပဲဖြစ်ပါတယ်။
ကဲ အဲလိုထူးခြားလှတဲ့ အချက်ပေါင်းမြောက်များစွာထဲက မယုံကြည်နိုင်လောက်အောင်ထူးခြားတဲ့ အချက်တွေကို ကျွန်တော်တို့လက်လှမ်းမှီသလောက် တင်ပြပါရစေ။
ပထမဆုံးအချက်ကတော့ ဒီနိုင်ငံဟာ ကိုယ်ဝန်ဆောင်တွေကို ထောက်ပံ့ဖို့အတွက် မယုံကြည်နိုင်လောက်တဲ့ အစီအမံတွေကို ထားရှိခြင်းဖြစ်ပါတယ်။ ဥပမာဆိုရင် မီးဖွားတော့မယ် ကိုရီးယားအမျိုးသမီးတစ်ဦးဟာ အစိုးရရဲ့ ထောက်ပံ့ကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၅၀၀ တန် အကြွေးဝယ်ကဒ်ကို အလိုလို ရရှိမှာဖြစ်ပါတယ်။ ဒီ အနာဂါတ်ရဲ့ မိခင်လောင်းဟာ ဒီပိုက်ဆံကို ဆေးကုသမှုခံယူဖို့အတွက် နှင့် လိုအပ်သော အားဖြည့်ဓာတ်စားများနှင့် ဆေးဝါးများဝယ်ယူဖို့အတွက် အသုံးပြုနိုင်ပါတယ်။ နိုင်ငံအစိုးရဟာ မီးဖွားခါနီး မိခင်များ ခရီးသွားလာရာမှာ နွေးထွေးစေဖို့ ခြုံထည်လေးတစ်ခုကို လည်းပေးထားပါတယ်။ ဘတ်စကားတွေနှင့် မြေအောက်မီးရထားတွေမှာလည်း ကိုယ်ဝန်ဆောင်ဦးစားပေး ပန်းရောင်ထိုင်ခုံတွေကိုလည်း စီစဉ်ထားပါသေးတယ်။
ဒီ ခြုံထည်လေးတွေဟာ သူတို့ကို သက်တောင့်သက်သာရှိစေဖို့အတွက်သာမကဘဲ မီးရထား နှင့် ကားစီးရာမှာ မကြာခင် မိခင်ဖြစ်တော့မယ့်သူ တစ်ယောက် ကားပေါ်ပါလာကြောင်းကို အခြားခရီးသည်များတွေ သတိပြုမိစေဖို့အတွက် အချက်ပြတစ်ခုလိုလည်းဖြစ်နေပါတယ်။ အထူူးသဖြင့် ကိုယ်ဝန်မရင့်မာသေးတဲ့အတွက် အပြင်ပန်းကြည့်ရုံနဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုတာကို မသိနိုင်သေးတဲ့ အမျိုးသမီးတွေအတွက်တော့ အရမ်းကိုမှ အထောက်အကူဖြစ်စေတဲ့ အရာပါ။ သူတို့တွေအလွယ်အကူအသုံးပြုနိုင်ဖို့အတွက် အများပြည်သူအသုံးပြုတဲ့ အဆောက်အအုံတွေရဲ့ ဝင်ပေါက်နဲ့ နီးတဲ့ ကားရပ်နားရာနေရာတွေကို သတ်မှတ်ထားပေးပြီး မီးဖွားပြီးနောက် ၆လ ကြာတဲ့အထိ အသုံးပြုခွင့်ပေးထားပြန်ပါတယ်။
Негізгі бет Ойын-сауық တောင်ကိုရီးယားနိုင်ငံမှာသာ ပုံမှန်လို့ထင်ရပြီး အခြားနိုင်ငံတွေအတွက် ထူးဆန်းလွန်းတဲ့ အချက် ၁၅ ချက်
Пікірлер: 325