သူများကလေးတွေနဲ့မတူ ကိုယ့်ကလေးက အရမ်းကို အဆော့သန်လွန်း၊ ဂနာမငြိမ်ဖြစ်လွန်း နေပါလား။ တစ်ခုခု ခိုင်းလိုက်ရင် မမှတ်မိဘဲ အမြဲမေ့တတ်ပါလား။ ကျောင်းမှာရော ဆရာစာသင်တာကို အာရုံမစိုက်နိုင်လို့ ဒါမှမဟုတ် အာရုံတွေ ပျံ့လွင့်နေလို့ ကျောင်းစာတွေ မလိုက်နိုင်ဘဲ ဖြစ်နေသလား။ သာမန်ထက်ထူးခြားပြီး နေ့စဉ်ရက်ဆက် ဒီလိုလက္ခဏာတွေ တွေ့နေရတယ်ဆိုရင်ဖြင့် ကိုယ့်ကလေးမှာ ADHD ရောဂါ ရှိနေသလားဆိုတာ ကျွမ်းကျင်သူ ဆရာဝန်ကြီးတွေနဲ့ စစ်ကြည့်သင့်ပါတယ်။
ဂနာမငြိမ်၊ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့တဲ့ Attention deficit hyperactivity disorder (ADHD) အကြောင်း သိထားသင့်တာတွေကို ယူကေနိုင်ငံက ကလေးအထူးကု သမားတော်ကြီး ဒေါက်တာ ခင်ရီရီဦး က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ အပိုင်း ၂ ပိုင်းခွဲပြီး ရှင်းပြထားပါတယ်။
ADHD ရောဂါဖြစ်နေသလားဆိုတာကို ဘယ်အရွယ်မှာ စသိနိုင်သလဲ။ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အာရုံစူးစိုက်နိုင်စွမ်း ချို့တဲ့တဲ့ နောက်ရောဂါ တစ်ခုဖြစ်တဲ့ အော်တစ်ဇင်နဲ့ ADHD ဘယ်လိုကွာသလဲ ဆိုတာတွေကို ပထမပိုင်းမှာ တင်ဆက်ပေးထားပါတယ်။
ဘီဘီစီမြန်မာပိုင်း
Негізгі бет ကလေးတွေမှာ တွေ့ရတဲ့ ဂနာမငြိမ် ADHD ရောဂါ (အပိုင်း ၁) - BBC News မြန်မာ
Пікірлер: 13