Khit Thit သတင်းဌာန၏ မေ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော် နဲ့ ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြဖို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပြန်တယ်လို့ စစ်တပ်သ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကေင်စီရဲ့ ဘူးသီးတောင် ခမရ ၃၄၅ နဲ့ ၃၅၂ တပ်ရင်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောထားပြီး ၊ စစ်ကောင်စီကလည်း ဘူးသီးတောင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်နေတယ်လို့ ရခိုင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်းမှာ PDF တပ်ဖွဲ့တွေကို ကြောက်လန့်နေတဲ့ ရေနံမြေရဲတွေဟာ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်တွေမှာ သွားရောက် တာဝန်မထမ်းရရေးအတွက် အထက်အရှာရှိတွေကို အနည်းဆုံး သိန်း ၃၀ ကနေစပြီး လာဘ်ထိုးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ မေ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Пікірлер: 664