Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်းက တိုက်ပွဲတွေမှာ စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းတွေကို ရာချီပြီး ဝယ်ယူ အသုံးပြုနေသလို ၊ ရခိုင်စစ်မြေပြင်မှာပါ တရုတ်လုပ် ဒရုန်း ၃၀၀ ဝန်းကျင်လောက်ကို စစ်တပ်က အသုံးပြုနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက မုံရွာ -မန္တလေးလမ်းမှာ ကြေးနီတင်လာတဲ့ ယာဉ်တွေနောက်ကနေပါလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး သေသွားတယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ကျောင်းကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းဖို့ ပို့ဆောင်ခံရသူ ၄ ဦးကို PDF တပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Негізгі бет Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Пікірлер: 506