ကြယ်တွေရဲ့ အကွာအဝေးကို တိုက်ရိုက် တိုင်းဖို့ မဖြစ်နိုင်ပါဘူး။
အာကာသထဲမှာ မြင်နေရတဲ့ ကြယ်တွေ ဆိုတာက အလင်းနှစ် ဆယ်ဂဏန်း လောက်ကနေ ရာထောင်ချီ ဝေး ကြပါတယ်။ ကျွန်တော်တို့ ရှိတဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာတင် ကြယ်ပေါင်း ဘီလီယံ ၁၀၀ ကနေ ၄၀၀ ကြား ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ မစ်ကီးဝေး ဂလက်ဆီ ကြီးကလဲ အကျယ်အဝန်းအားဖြင့် အလင်းနှစ် ၁၀၀,၀၀၀ လောက် ကျယ်တာပါ။
ဂလက်ဆီ တွေဆိုရင် အလင်းနှစ်က သန်းချီ ဝေးတာပါ။ အနီးဆုံး ဆိုတဲ့ အင်ဒရီုမီဒါ (Andromeda Galaxy) ဂလက်ဆီတောင် အလင်းနှစ် ၂.၆ သန်း ဝေးပါတယ်။ အခြား ဂလက်ဆီတွေဆို အလင်းနှစ် သန်းရာချီ ဝေးတဲ့ ဂလက်ဆီတွေတောင် ရှိပါတယ်။ ဒီ ကြယ်တွေ ဂြိုလ်တွေရဲ့ အကွာအဝေးကို တိုင်းဖို့ အတွက် သိပ္ပံ ပညာရှင် တွေက နည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။
သိပ်မဝေးတဲ့ အနီးအနားက ကြယ်တွေကိုတော့ Stellar Parallax နည်းနဲ့ တိုင်းပါတယ်။
နဲနဲ လှမ်းတဲ့ နေရာက ကြယ်တွေ၊ ဂလက်ဆီတွေ ကိုတော့ ကြယ်ရဲ့ အလင်းအားနဲ့ တိုင်းပါတယ်။
ဒီဗီဒီယိုမှာ ဒီနည်းလမ်း နှစ်ခုကို အသေးစိတ် ရှင်းပြ ပေးထားပါတယ်။
Негізгі бет Ғылым және технология ကြယ်တွေရဲ့ အကွာအဝေးကို ဘယ်လို တိုင်းသလဲ
Пікірлер: 51