ကျန်းမာတဲ့ လူနေမှုဘဝကိုရရှိဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို မှီဝဲခြင်းနဲ့ စတင်ရတာဖြစ်ပါတယ်။ The Reader Myanamr ရဲ့ KZitem channel ကနေကြိုဆိုပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ဒီဗွီဒီယိုလေးမှာတော့ လူတွေရဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာ ၁၀ မျိုးကို စာရင်းပြုပေးထားပါတယ်။
ဒီစာရင်းလေးမှာတော့ လူတွေရဲ့ကျန်းမာရေးနှင့် ကျန်းမာခြင်းကရရှိတဲ့ ကောင်းကျိုးချမ်းသာတွေကို သိသိသာသာ ဆောင်ကျဉ်းပေးဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ စူပါအစားအသောက် ၁၀ မျိုးကို ထည့်သွင်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
လူတွေရဲ့ ကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာတွေ အများကြီးရှိပေမယ့် ယခုဖော်ပြမည့် အစားအစာတွေကတော့ လူအများစု အလွယ်တကူ ဝယ်ယူစားသောက်နိုင်တဲ့ စူပါအစားအစာတွေကိုသာ ဖော်ပြပေးသွားမှာပါ။ နောက်ပြီးတော့ အစိုင်အခဲဖြစ်တဲ့ စားစရာတွေကိုပဲ အဓိကထားပြီး ဖော်ပြပေးမှာဖြစ်လို့ ဝိုင်နီ၊ သံလွင်ဆီနဲ လက်ဖက်ရည်လို အရည်မျိုးတွေတော့ပါဝင်မှာမဟုတ်ပါဘူး။
Негізгі бет ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၁၀ မျိုး
Пікірлер: 156