ကြက်ဉတွေဟာ ကိုလက်စထရောပါဝင်ခြင်းနှင့် ခန္ဓာကိုယ်အလေးချိန်တက်ခြင်းစတဲ့ ကိစ္စရပ်တွေနှင့် ဆက်စပ်နေတဲ့အတွက် ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးလောကမှာ နာမည်ပျက်နေတာ တော်တော်ကြာခဲ့ပြီ။
လူတစ်ချို့က နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းတွေကိုတောင် အစပျိုးစေနိုင်တယ်လို့ ယူဆကြပြီး ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့ကြိုးစားနေကြသူအများစုကတော့ ကြက်ဉစားသုံးခြင်းကို ရှောင်ကြဉ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မိတ်ဆွေအနေနဲ့ တစ်နေ့ကို ကြက်ဉသုံးလုံးစားကြည့်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်ပါသလဲ? ခုလိုပြောလိုက်လို့ မိတ်ဆွေ ကြက်သီးနေလောက်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီသနားစရာ ကြက်ဉလေးတွေကို ရက်ရက်စက်စက် အဆက်မဖြတ်လိုက်ပါနဲ့ဉီး။ ဒီကြက်ဉတွေဆီက ရရှိမယ့် အကျိုးကျေးဇူးတွေက မိတ်ဆွေထင်ထားတာထက်တောင် ပိုပြီးများပြားနေနိုင်ပါတယ်။
Негізгі бет Ойын-сауық တစ်နေ့ ကြက်ဥသုံးလုံးစားရင် ဘာဖြစ်မလဲ?
Пікірлер: 477