လမ်းကြမ်းသလောက် ၂ နာရီနီးပါး လမ်းပျောက်ခဲ့တဲ့ခရီးစဉ်
ဒီ Vlog လေးကတော့မိုးဦးကျလေးမှာ လမ်းကြမ်းလေးလဲစီးချင်တာကြောင့် သွားမယ်သွားမယ်နဲ့ မရောက်ဖြစ်တဲ့ ပန်းတစ်ပွင့်တောင်အနောက်ဖက်က တောထဲကိုစက်ဘီးနင်းဖြစ်ပါတယ်။
တောတွင်းလမ်းကြမ်းကိုမှ တောကနက်လို့ အသွားအလာသိပ်မရှိသလို လူသူအရောက်အပေါက်လည်းနည်းပါတယ် အကောင်ပလောင်တွေပေါသလို Google Map လဲမရပါဘူး
တစ်ချို့နေရာတွေကတော့ လမ်းဟုတ် မဟုတ်တောင်မသေချာတဲ့မြေပြင်အနေအထားဖြစ်ပါတယ်။
ကျွန်တော်ကအဲ့လမ်းကို
လွန်ခဲ့သော နှစ်နှစ်ခန့်က သွားနင်းဖူးသလို အဖွဲ့ထဲကကိုဝင်းကျော်ကလဲ လွန်ခဲ့သော၂ လလောက်ကတော့ တစ်ခါသွားနင်းထားတာဆိုတော့ အဆင်ပြေလောက်မယ်ဆိုပြီး သွားဖြစ်ခဲ့ကြပါတယ်။
သုံးပုံနှစ်ပုံခန့်နင်းပြီးတဲ့အခါမှာတော့ လမ်းစမှားပါတော့တယ်...အားလုံးကဆင်တူပုံစံလမ်းတွေဖြစ်သလို မိုးအရမ်းသည်းတာရယ်ကြောင့် မှတ်သားထားဖူးတဲ့အမှတ်အသားတွေက မရှိတော့ပဲ ပုံစံတစ်မျိုးဖြစ်နေတာကြောင့် မျက်စီလည်လို့ လမ်းတွေစမှားပါတော့တယ်
(၂)နာရီနီးပါး မျက်စီလည်နေရာကနေ တောတွင်းကအစောင့်အကိုတစ်ယောက်ရဲ့အကူအညီနဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
တောထဲမှာ စက်ဘီးနင်းရတဲ့ ဖီလင်ကိုအပြည့်အ၀ခံစားရမယ်...အခက်အခဲဘယ်လိုတွေဖြစ်ခဲ့လဲ ဆိုတာကိုတော့ vlog ထဲမှာပဲကြည့်ပေးကြပါနော်...
ကျွန်တော့်ရဲ့ Shein Zar Cyclist Facebook Page နဲ့ KZitem Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါအုံးနော်။
❗️Facebook Page / sheinzarcyclist ❗️
လေးစားစွာဖြင့်
Shein Zar Cyclist
Негізгі бет Ойын-сауық လမ်းကြမ်းသလောက် ၂ နာရီနီးပါး လမ်းပျောက်ခဲ့တဲ့ခရီးစဉ်
Пікірлер: 99