ဒီ Vlog လေးကနည်းနည်းလေးထူးခြားခဲ့ပြိး အမှတ်တရဖြစ်ခဲ့ရပါတယ်...
ဒီနှစ်ကျွန်တော့်မွေးနေ့လေးမှာ တိလေးတွေကိုလှူချင်တဲ့ဆန္ဒ လေးဖြစ်မိတာနဲ့ဒီနှစ်တော့နိုင်သလောက်လေးလှူမယ်၊တိလေးတွေကို လှူမယ်လို့စိတ်ကူးရှိခဲ့ပါတယ်။အဲ့ဒါနဲ့ဘယ်ဂေဟာလေးကိုသွားလှူရင်ကောင်းမလဲဆိုပြိးရှာဖွေရင်း ဒီနေရာလေးကိုတွေ့ခဲ့ပါတယ်။
မွေးနေ့ရက်နားရောက်တော့ အဖွဲ့သားတွေကိုပြောပြတော့ သူတို့ကလဲအားတက်သရောပါဝင်ချင်တယ်လို့ ဆိုလာတာနဲ့ စုပေါင်းအလှူလေးတစ်ခုဖြစ်သွားခဲ့ရပါတယ်။ စုပေါင်းပါဝင်လှူဒါန်းပေးတဲ့ အဖွဲ့သားများအားလုံးကိုလဲကျေးဇူးအထူးတင်ရှိပါတယ်...
ပြည့်နေတဲ့အိုးတွေကိုဖြည့်နေတာထက် မပြည့်သေးပဲလိုအပ်နေတဲ့နေရာလေးကို အမှန်တကယ်လှူဒါန်းခွင့်ရခဲ့တဲ့အတွက်ကျေနပ်ဝမ်းသာပီတိဖြစ်ရပါတယ်။
အဲ့နေရာလေးမှာ ခွေး၊ကြောင်၊ဆိတ်၊နွား တွေပါရှိပြီး သွားရောက်လှူဒါန်းချင်တဲ့သူတွေအတွက် ကျွန်တော်လိပ်စာလေးအတိအကျထည့်ပေးထားပါမယ်။သွားရောက်လှူဒါန်းကြပါအုံးလို့လဲတိုက်တွန်းချင်ပါတယ်ခင်ဗျာ
ဘယ်လိုတွေလှူဒါန်းခဲ့တယ်၊သွားမယ်ဆိုရင် ဘယ်လိုသွားရမလဲဆိုတာ သိရဖို့ Vlog လေးထဲမှာပဲဆက်ကြည့်လိုက်ကြပါတော့ဗျာ.
နောက်ထပ် Vlog အသစ်တွေကြည့်ရှု့နိုင်ဖို့အတွက် Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
/ sheinzarcyclist
လေးစားစွာဖြင့်
Shein Zar Cyclist
⚠️Follow Shein Zar Cyclist online⚠️
👉Facebook : / sheinzarcyclist
👉KZitem - / sheinzarcyclist
👉TikTok - / sheinzarcyclist
👉Telegram - t.me/sheinzarc...
👉Viber - bit.ly/4bJcjcQ
#sheinzarcyclist #cyclingtravelvlog #cyclinginmyanmar #cyclingvlog
#cyclingvlogger #cyclistmyanmar #cyclingtrip #travel #travelvlogger #cyclingknowledge
/ kindheartcatndogshelter
လိပ်စာ--
ရန်ကုန် - ပြည်လမ်းမကြီး
-ဂျပန်ဘုရားနှင့်မျက်နှာချင်းဆိုင် ညောင်နှစ်ပင်လမ်းမှ၀င်ပါ
သဇင်မြိုင်တောရရိပ်သာလမ်းကိုဆက်၀င်ပါ
ဂျိုးဖြူ ပိုက်လိုင်းကျော်ရင် ဘယ်ရင် ဘယ်ချိုးပါ၊
ရေသိုးကျေးရွာမုခ်ဦးတွေ့ပြီး
မုခ် ကြီးအကျော်တွင် ဘယ်ချိုးပါ၊ကရင်ရေသိုး ၁လမ်းထဲဝင်ပါ၊
လမ်းညွှန်ဆိုင်းဘုတ်လေး ရှိပါတယ်၊
ရွာသင်္ချိုင်းလေးတခုရောက်လျှင် သူ့ဘေးကလမ်းမှ၀င်ပါ
လမ်းညွှန် ဆိုင်းဘုတ်ကြီးတွေ့ပါလိမ့်မည်💕
အကြင်နာနှလုံးသားခွေးဂေဟာကိုရောက်ပါပီ
Google Map မှာ လည်းတွေ့ပါသည်
Негізгі бет မွေးနေ့အမှတ်တရ စုပေါင်းအလှူခရီးစဉ်
Пікірлер: 64