Anii တို့ လူသားတွေမှာ အလိုဆန္ဒတစ်ခုကို အတွေးထဲမှာ ဖြစ်ချင်၊ လိုချင်ကြောင်း ပုံပေါ်လာရခြင်းဟာ ကိုယ့်ရဲ့ အနာဂတ် timeline 5D မှာ ထိုအရာဟာ ပိုင်ဆိုင်ထားပြီးသားဖြစ်တာကြောင့်ဆိုတာ သိပါသလား။
ဒါကြောင့် အတွေးထဲမှာ မိမိပုံဖော်နိုင်တဲ့ ဆန္ဒမှန်သမျှဟာ လက်တွေ့ဘဝမှာဖြစ်ကိုဖြစ်လာရပါတယ်။
Law of Assumption န်ိယာမဟာ ဒီယုံကြည်ချက်ပေါ်မှာ အခြေခံပါတယ်။
ဆန္ဒတစ်ခုဟာ ဖြစ်ချင်လိုက်တာလို့ တွေးလိုက်တဲ့အချိန်ကစပြီး ပိုင်ဆိုင်ပြီးသားဖြစ်တယ်။
Law of Attraction နိယာမဟာ 3D ကမ္ဘာကြီးထဲကို ကိုယ်လိုချင်တဲ့ အရာတွေကိုဆွဲခေါ်တာဖြစ်ပြီး
Law of Assumption နိယာမဟာတော့ မိမိကိုယ်တိုင် မိမိအလိုရှိရာဆန္ဒတွေအကုန် ပြည့်ဝနေသော 5D ကို ကူးပြောင်းနေထိုင်တာဖြစ်တယ်။
ဒီနိယာမ ၂ ခုဟာ လောကီချမ်းသာကျင့်စဉ်များရဲ့ အခြေခံ ဖြစ်သလို နိယာမ ၂ ခုကို မိမိဘဝထဲမှာပါးနပ်စွာ အသုံးချနိုင်တဲ့အခါ မိမိတို့ရဲ့ အင်အားကြီးသော စိတ်ရဲ့ အမြင့်ဆုံး စွမ်းအားကို ရရှိနိုင်ပါလိမ့်မယ်။
ဒီ Video လေးမှာတော့ Law of Assumption နိယာမဆိုတာ ဘာလဲ ဆိုတာနဲ့
Law of Attraction နိယာမနဲ့ Law of Assumption နိယာမ တွေကို မိမိဘဝရဲ့ Manifestation ဆန္ဒတွေ ဖြစ်မြောက်လာအောင်အသုံးချနိုင်ကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
ဒီတစ်ခေါက်တော့ ထူးထူးခြားခြားဖြစ်သွားအောင် Tarot Unboxing လေးနဲ့ တွဲတင်ထားပါတယ်။
Tarot Deck လေးတွေလည်း အတူတူကြည့်ရင်း မပျင်းရအောင် Spiritual talk လေး ဆွေးနွေးထားတာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။
Tarot Deck - The Enchanted Tarot
Music used
Aurora by Jonny Easton
Link:
• Aurora - Relaxing Space Ambient music...
Негізгі бет Ойын-сауық Law of Assumption နိယာမဆိုတာ ⭐️ ( Tarot Unboxing and Manifestation Spiritual talk )
Пікірлер: 39