မိသားစုကျောထောက်နောက်ခံမရှိတဲ့ အဘိုးအဘွားတွေကို အဓိကထားပြုစုစောင့်ရှောက်နေပေးနေတဲ့ ဘိုးဘွားတို့ကွန်းခိုရာ Save The Aged
---------------
Save The Aged ဟာ ဘိုးဘွားတို့အတွက် ကွန်းခိုရာနေရာလေးဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရိပ်သာဖွင့်လှစ်ခဲ့ကာ သက်တမ်းအနေနဲ့ ၂၃ နှစ်ရှိလာခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။ မိသားစုဆွေမျိုးသားချင်း ကျောထောက်နောက်ခံမရှိတဲ့ အဘိုးအဘွားတွေကို အဓိကထား စောင့်ရှောက်ပေးနေပြီး ဆွေမျိုးသားချင်းရှိသူတွေထဲက ရိပ်သာကို လာချင်နေတဲ့သူရှိရင်လည်း တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးပြီးရင် လာနေထိုင်ခွင့်ပြုတယ်လို့ သိရပါတယ်။ ကုတင် ၁,၀၀၀ ရှိပြီး ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုကို တာဝန်ယူထားတဲ့အပြင် ဘိုးဘွားတွေအတွက် တစ်လကို အသုံးစရိတ်အဖြစ် ၅,၀၀၀ ထုတ်ပေးတယ်လို့ ပြောပြပါတယ်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘိုးဘွားတွေကို လက်ခံပေးထားပြီး အသက် ၆၅ နှစ်နဲ့အထက် ကူးစက်ရောဂါမရှိသူဆိုရင် Saved The Aged က လက်ခံပေးတယ်လို့ သိရှိရပါတယ်။ ရိပ်သာမှာရှိတဲ့ အဘိုးအဘွားတွေဟာ ကျွေးမွေးတာထက် မေတ္တာကို ပိုပြီး လိုချင်ကြတာဖြစ်လို့ ဘိုးဘွားတွေကို မေတ္တာထားပေးစေလိုကြောင်း ရိပ်သာရဲ့တာဝန်ခံအုပ်ချုပ်ရေးမှူး မရှင်မိုးက အသိပေးပါတယ်။ မိသားစုကျောထောက်နောက်ခံမရှိတဲ့ အဘိုးအဘွားတွေကို အဓိကထားပြုစုစောင့်ရှောက်နေပေးနေတဲ့ ဘိုးဘွားတို့ကွန်းခိုရာ Save The Aged ရိပ်သာလေးရဲ့အကြောင်းက စိတ်ဝင်စားစရာကောင်းတဲ့အတွက် Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryLifeStory #LifeStory #SaveTheAged #ဘိုးဘွားရိပ်သာ #ကွန်းခိုရာ #မိဘဆွေမျိုး #ကျောထောက်နောက်ခံ #ချမ်းသာဆင်းရဲ #အဘိုးအဘွား #Yangon #Myanmar
Негізгі бет မိသားစုကျောထောက်နောက်ခံမရှိတဲ့ အဘိုးအဘွားတို့အတွက် ကွန်းခိုရာ Save The Aged
Пікірлер: 4