RFA စကားဝိုင်း
မြို့သိမ်းတိုက်ပွဲတွေရဲ့ အလားအလာ
~~~
■ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေး၊ ကရင်နီဒေသက (၁၁၁၁) စစ်ဆင်ရေးတွေနဲ့အတူ မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ပွဲသံတွေ ပိုများလာသလို တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ များလာရပါတယ်။ တစ်ခါ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်လမ်းကြောင်းတွေပိတ်ပြီး စီးပွားရေးချွတ်ခြုံကျမှုတွေ တွေ့မြင်နိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲအရှိန်တွေ မြင့်တက်လာချိန်မှာ စစ်ကောင်စီဘက်က မြို့တွေ၊ စခန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား အသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေ၊ မှတ်တမ်းဓာတ်ပုံတွေ မြင်တွေ့ရသလို စစ်ကောင်စီတပ်ဘက်က လက်နက်ချသူတွေလည်း တပ်ရင်းလိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် သဘောထားပြောင်းလဲမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသတ်မှုတွေရှိနေအကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေကတော့ NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။
____________
Subscribe ▶ bit.ly/2ajgBxf
မိုဘိုင်းအက်ပ် ▶ smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ www.rfa.org
ဖေ့စ်ဘွတ်ခ် ▶ / rfaburmese
တွစ်တာ ▶ / rfaburmese
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Негізгі бет မြို့သိမ်းတိုက်ပွဲတွေရဲ့ အလားအလာ
Пікірлер: 250