Myanmar Testimony Video - ဘုရားသခင်က ဖြောင့်မတ်လွန်းပါတယ်
အဓိကဇာတ်ကောင်သည် သူ၏အလုပ်တာဝန်ကို ထမ်းဆောင်နေသည့်ကာလအတွင်း အသင်းတော်ခေါင်းဆောင်ဖြစ်သူ ယန်ကျူးအကြောင်းကို သိလာသည်။ ယန်ကျူးသည် အာဏာရှင်ဆန်ကာ လက်လွတ်စပယ်လုပ်သည်၊ သူမနှင့် အယူအဆမတူသူတိုင်းကို တစ်ဖက်သတ် ဖိနှိပ်ခြင်းဖြစ်သည်။ သူမသည် သမ္မာတရားကို မုန်းတီးသော အန္တိခရစ်စစ်စစ်ပင် ဖြစ်သည်။ အဓိကဇာတ်ကောင်ဖြစ်သူက သူမအကြောင်းကို တိုင်ကြားစာ ရေးသော်လည်း၊ သူ့စာမှာ ဤအန္တိခရစ်၏လက်ထဲသို့သာ ရောက်သွား၍၊ သူလည်း အံ့သြခြင်းဖြစ်ရသည်။ သူ့ကိုလည်း ခွဲခြားပြီး ဖိနှိပ်သည့်အတွက် စိတ်ဆင်းရဲကာ ဒုက္ခရောက်ရှာသည်။ သူသည် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းမှတစ်ဆင့် ဤသည်တို့ကို နားလည်လာပါသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်တို့သည် လူတို့၏အယူအဆများအတိုင်း ဖြစ်ပေါ်သလော၊ ကိုယ်တော်၏ ဖြောင့်မတ်သော အနှစ်သာရမှာ ထာဝရတည်နေသည်၊ မကောင်းသောအင်အားတို့သည် ဘုရားသခင်၏အိမ်တော်တွင်းမှ ၎င်းတို့ခြေကုပ်ပြုထားမှုကို အနှေးနှင့်အမြန် ဆုံးရှုံးကြမည်မှာ အစဉ်အမြဲပင်ဖြစ်သည်၊ စသဖြင့်ဖြစ်၏။ ရွေးကောက်ထားသူများအနေဖြင့် သမ္မာတရားကို နားလည်၍ ခွဲခြားသိမြင်ခြင်း ရနိုင်ကြရန်အတွက်၊ ဘုရားသခင်သည် အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များကို တည်ရှိခွင့်ပေးခြင်း ဖြစ်သည်ကိုလည်း သူ သဘောပေါက်လာသည်။ ဘုရားသခင်၏အလိုတော်ကို နားလည်မိသည်နှင့်တစ်ပြိုင်နက်၊ အဓိကဇာတ်ကောင်သည် အဆိုပါအန္တိခရစ်အား တိုင်ကြားစာကို ထပ်ရေးရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် ဤတစ်ကြိမ်တွင် အောင်မြင်မည်လော။ အန္တိခရစ်သည် အသင်းတော်မှ ထုတ်ပယ်ခံရမည်လော။ ဘုရားသခင်က ဖြောင့်မတ်လွန်းပါတယ် ကို ကြည့်ရှု၍ အဖြေရှာကြည့်ပါ။
ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ KZitem ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။
Негізгі бет Фильм және анимация Myanmar Testimony Video - ဘုရားသခင်က ဖြောင့်မတ်လွန်းပါတယ်
Пікірлер: 3