ယဉ်မွန်၊ အောက်တိုဘာ ၁၂၊ ၂၀၂၄
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူရနိုင်ခဲ့တဲ့ ပင်လည်ဘူးမြို့ဟာ စစ်ကိုင်းတိုင်းအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြို့တမြို့ ဖြစ်တယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေဟာ ပင်လည်ဘူးမြို့ကို ၂၀၂၂ ခုနှစ်ကတည်းက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာတော့ အပြီးသပ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိကာကွယ်ရေးတပ်တွေဟာ အင်းတော်နဲ့ ထီးချိုင့်မြို့တွေမှာလည်း မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေတာကြောင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ခြေလှမ်းစတင်နိုင်ပြီလို့ ပြောလို့ရကြောင်း စစ်ရေးသုတေသီ က ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ပင်လည်ဘူး #စစ်ကိုင်းတိုင်း #NUG
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет NUG သိမ်းလိုက်တဲ့ ပင်လည်ဘူးမြို့ ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)
Пікірлер: 191