နွားထိုးကြီး မြို့မရဲစခန်းကို ၂ ရက်ဆက် ဗုံးကြဲ၊ ရဲ ၅ ဦး သေဆုံး (ရုပ်သံ)
============
အောက်တိုဘာ ၂
မန္တလေးတိုင်း၊ နွားထိုးကြီး မြို့မရဲစခန်းကို ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့ရာ ရဲ ၅ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၃၀ရက်၊ မနက် ၁၀နာရီလောက်က နွားထိုးကြီးမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံး ၁လုံး ကြဲချခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး စက်တင်ဘာ၂၉ရက်၊ ည ၉နာရီလောက်က ဗုံး၂လုံးကြဲခဲ့ရာ ရဲ ၃ဦး သေဆုံးကာ ဒဏ်ရာရသူ တွေလည်းရှိကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) ကသတင်းထုတ်ပြန် ပါတယ်။
“သေတဲ့အရေအတွက်က ခိုင်မာမှုရှိတယ်။ဖြစ်ဖြစ်ချင်း အရေးပေါ်ကုဖို့ကျတော့ နွားထိုးကြီးဆေးရုံပဲ ခဏတင်တယ်။စခ တွေက အရပ်ဘက်ဆေး ရုံတွေကျတော့ သတင်းပေါက်မှာစိုးတာရော ဆေးရုံတွေမှာ ကုပေးမယ့်ဆရာဝန်တွေ အင်အားနည်း တာ ကြောင့်ရောပေါ့။ ကျနော်တို့ဘက်တစ်ကြောက ထိတာတွေကို မိတ္ထီလာစစ်ဆေးရုံ ပို့လိုက်တာ များတယ်” လို့ မြင်းခြံခရိုင်ပကဖခေါင်းဆောင်တစ်ဦးကပြောပါတယ်။
စက်တင်ဘာ ၂၉ရက်ညက စစ်သားတွေတပ်စွဲထားတဲ့ နွားထိုးကြီးမြို့၊ဆောက်လုပ်ရေးရုံးဝန်းထဲကိုလည်း ဗုံး၁လုံးကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)နဲ့ Natogyi Regional Defence Force မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
~~~~~
ကိုထိုက်
ရုပ်သံ- Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)
#ငွေမောင်းသံ မီဒီယာ
Негізгі бет နွားထိုးကြီး မြို့မရဲစခန်းကို ၂ ရက်ဆက် ဗုံးကြဲ၊ ရဲ ၅ ဦး သေဆုံး (ရုပ်သံ)
Пікірлер: 33