ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးရွာရှိ စစ်ကောင်စီစခန်းတွေတပြိုင်တည်းတိုက်ခံရ
People's Spring
ပဲခူးတိုင်းအရှေ့ခြမ်း ၊ ထန်တပင်မြို့နယ်ထဲက ဇရပ်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေ ဒီမနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
စစ်တောင်းမြစ်အရှေ့ခြမ်း မှာရှိပြီး ပဲခူးနဲ့ ကရင် အစပ် က ဇရပ်ကြီးရွာမှာ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒီမနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ KNU တပ်မဟာ ၂ နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်တာပါ။
ဇရပ်ကြီးရွာဟာ KNU အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ KNU တပ်မဟာ (၂) နယ်မြေ ၊တောင်ငူခရိုင်ထဲပါဝင်ပါတယ်။
ဇရပ်ကြီးရွာမှာ စစ်ကောင်စီ ရဲ့ခြေလျင်တပ်ရင်း အမှတ် ခလရ (၇၃) တပ် ၊ ချောင်းခြား စခန်းနဲ့ နယ်မြေခံရဲစခန်း တွေရှိနေတာပါ။
ဒီမနက်မှာ တော့ အဲဒီတပ်စခန်းနေရာတွေကိုတပြိုင်တည်းဝင်တိုက်တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ နွေဦးစစ်သည်တော်များစစ်ကြောင်း က အသိပေးပါတယ်။
မြေပြင်တပ်စခန်းတွေ တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာရောက်တိုက်ခိုက်တယ်လို့ နွေဦးစစ်သည်တော်များစစ်ကြောင်းက ရုပ်သံဖိုင်နဲ့ ဖော်ပြလာပါတယ်။
ဒေသတွင်းသတင်းရင်းမြစ်ရဲ့ပြောပြချက်အရ တိုက်ပွဲအတွင်း ဒေသခံ ပြည်သူတွေပိတ်မိနေသလို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင်အရပ်သားတွေ ထိခိုက်မှုရှိတယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း နွေဦးစစ်သည်တော်များစစ်ကြောင်းက တပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာရထားပေမယ့် မစိုးရိမ်ရဘူးလို့လည်း အဲဒီစစ်ကြောင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင်ထဲက မုန်းမြို့မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို KNU တပ်မဟာ ၃ နဲ့ ပူပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးရွာရှိ စစ်ကောင်စီစခန်းတွေတပြိုင်တည်းတိုက်ခံရ | People's Spring
Пікірлер: 17