စစ်ကောင်စီကို သံဃာတော်တွေ ကံဆောင်သပိတ်လုပ်တာ လေးမြို့နယ်ရှိလာ
ဇေအောင်/People's Spring
မဟနဆရာတော်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ တန့်ဆည်မြို့နယ်တွေမှာပါ ပြုလုပ်လာပြီး စုစုပေါင်း လေးမြို့နယ်ရှိလာပါတယ်။
ဇွန်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စတင်ပြုလုပ်ခဲ့တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ဟာ ဇွန်လ ၂၄ ရက်မှာ ဒီပဲယင်းမြို့နယ်၊ ဇွန်လ ၂၅ ရက်မှာ ဆားလင်းကြီး မြို့နယ် နဲ့ တန့်ဆည်မြို့နယ်တွေမှာ ပြုလုပ်လာကြောင်း သပိတ်ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။
ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသအား စစ်ကောင်စီတပ်ကနေ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပေါ်မှာ စစ်သားတွေနဲ့ ပျူစောထီးတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တာကြောင့် စတင်သပိတ်မှောက်ဖို့ စီစဥ်ခဲ့ကြတာဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်က ကံဆောင်သပိတ်မှာတော့ အာဏာ
သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အမည်ကိုပါတပ်ပြီး ကမ္မဝါ ရွတ်ဖတ်ခဲ့ပါသေးတယ်။
ချောင်းဦးမြို့နယ်မှ သံဃာတော်များကတော့ ကံဆောင်သပိတ်တင်မကဘဲ စီတန်းလှည့်လည်ရန်စီစဥ်နေတယ်လို့ ချောင်းဦးဆရာတော်က မိန့်ပါတယ်။
နောက်ထပ် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကသံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်တော့မယ်လို့ သပိတ်ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေက စစ်ကောင်စီဟာ ဗုဒ္ဓသာသနာနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အလုံးစုံဖြိုချခြင်း(Year Zero) လုပ်ဆောင်လာတာကြောင့် သံဃာတော်များ အလျှော့မပေးစတမ်း ခုခံကြဖို့၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အနိုင်ရတဲ့အထိ ပူးပေါင်းပါဝင်ပေးဖို့ သဘောထားထုတ်ပြန်ထားပါသေးတယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမအဂ္ဂိဈာပနကို မနက်ဖြန် ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီမှာပဲခူးမြို့ ကလျာဏီရပ်ကွက်မှာရှိတဲ့ ၀င်းနိမ္မိတာရုံကျောင်းတိုက်ကနေ ဆရာတော်ကြီးရဲ့ ဥတုဇရုပ်ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင်မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရဟန်းရှင်လူပြည်သူအပေါင်း လာရောက်ကြည်ညိုကြဖို့ကိုလည်း ဈာပန ဖြစ်မြောက်ရေးကော်မတီ ဖိတ်ကြားထားပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | စစ်ကောင်စီကို သံဃာတော်တွေ ကံဆောင်သပိတ်လုပ်တာ လေးမြို့နယ်ရှိလာ
Пікірлер: 10