ကျပ်ငွေတန်ဖိုးဘယ်လောက်အထိ ဖောင်းပွမလဲ
စောနွေဦး/People's Spring
စစ်တပ်အာဏာ သိမ်းပြီး ၃ နှစ်ကျော်အကြာမှာ ကျပ်ငွေတန်ဖိုးဟာ သုံးဆခွဲကျော် အထိ စံချိန်တင် ကျဆင်းသွားခဲ့တဲ့အကြောင်း ဒီတစ်ပါတ် ပြောပြချင်ပါတယ် ။
မေလကုန်ပိုင်းမှာ စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ဒေါ်လာဈေးကျအောင် လုပ်နေတဲ့ ကြားက ပြင်ပငွေကြေးဈေးကွက်မှာ ၁ ဒေါ်လာကို ကျပ်ငွေ ၅၀၀၀ ခန့်အထိဈေးထိုးတက်ခဲ့ပါတယ် ။နောင်ရက်တွေမှာတော့ ၁ ေ ဒါဟာ ခေတ်သစ် ငွေစက္ကူသမိုင်းမှာ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခဲ့တာပါ ။ စစ်တပ် အာဏာမသိမ်းခင်က ၁ ဒေါ် လာ ၁၃၀၀ ကျော်သာရှိတဲ့ အခြေအနေကနေ သုံးနှစ်ကျော် အတွင်း ကျပ်ငွေတန်ဖိုးဟာ သုံးဆခွဲကျော် ၊ရာခိုင်နှုန်းနဲ့ဆိုရင် ၃၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားတာဖြစ်ပါတယ် ။
ဒါကြောင့် စစ်တပ်အာဏာ မသိမ်းခင်က လစာ ကျပ် ၃သိန်းရတဲ့ ဝန်ထမ်းတယောက်အတွက် သူ့ဝင်ငွေဟာ ဒေါ်လာ ၂၃၀ လောက်နဲ့ ညီပေမယ့် ဒီနေ့အခါမှာတော့ လစာ ၃ သိန်းရတဲ့ ဝန်ထမ်းတစ်ယောက်ဟာ အမေရီကန် ဒေါ်လာ ၆၆ ဒေါ်လာပဲရတော့တာဖြစ်ပါတယ်။
ဒီလို ကျပ်ငွေတန်ဖိုး ဖောင်းပွလာတာကိုစစ်ကောင်စီက သူတို့ရဲ့ စီမံခန့်မှုညံဖျင်းမှုကို ဖုံးကွယ်ဖို့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေကို တချိန်လုံးအပြစ်ဖို့ခဲ့ပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းတာကြောင့် အမေရိကန်ဒေါ်လာအပါအဝင် ထိုင်းဘတ်၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ် ၊အိန္ဒိယ ရူပီ စတဲ့ နိုင်ငံခြားငွေတွေပါ ဈေးထိုးတက်ခဲ့တာပါ။
ထိုင်းဘတ်ငွေဆိုရင် ဇွန်၁ရက်မှာ တစ်ဘတ်ကို ကျပ် ၁၁၄ အထိမြင့်တက်ခဲ့ပါတယ်။ စစ်တပ်အာဏာ မသိမ်းခင်ကဆိုရင် ထိုင်းငွေ တစ်ဘတ်ကို ကျပ် ၄၀ ကျော်သာရှိခဲ့တာပါ။
အခေါက်ရွှေဈေးက တစ်ကျပ်သားကို ၅၈သိန်းအထိ မြင့်တက်လာပါတယ်။ ဒီဈေးနှုန်းဟာ အာဏာမသိမ်းခင်က ဈေးနဲ့နှိုင်းယှဉ်ရင် ရွှေဈေးက ၄ဆခွဲခန့်မြင့်တက်လာတာပါ။ အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းကျော်သာရှိခဲ့တာပါ။
ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ကျပ်ငွေတန်ဖိုး ဖောင်းပွတာက တရိတ်ရိတ်တက်နေတာကနေပါ။ အခုက ကျားဖြန့်လုပ်ငန်းနဲ့ပတ်သတ်သူတွေက ဒေါ်လာနဲ့ ရွှေကို ဝင်ဝယ်ကြတော့ အခုကို ဈေးတွေ တက်ကုန်တာပါ။ ဒီလို ကျားဖြန့်လုပ်ငန်းတွေမှာ ခြေရှုတ်သူတွေကလည်း စစ်ကောင်စီနဲ့ ပတ်သတ်တဲ့သူတွေပါပဲ”လို့ ကျပ်ငွေဖောင်းပွတာရဲ့ အကြောင်းရင်းတစ်ခုကိုပြောပါတယ် ။
သုံးနှစ်ကျော်အတွင်း ကျပ်ငွေတန်ဖိုး ရုပ်ပျက်ဆင်းပျက်ထိုးဆင်းသွားတာက အကြောင်းရင်းပေါင်းများစုဆုံတော့ ဖြစ်သွားတာပါ ။ တိုင်းပြည်စီးပွားရေး ကျဆင်းပြီးတော့ စစ်စာရိတ်များစွာထောင်းနေတဲ့ စစ်ကောင်စီဟာ ဘက်ဂျက်လိုငွေအတွက် ငွေစက္ကူများစွာကို ရိုက်ထုတ်ခဲ့တာကတော့ အဓိကအကြောင်းအရင်းတစ်ခုလို့ စီးပွားရေးပညာရှင်နဲ့ လုပ်ငန်းရှင်တွေက ပြောကြပါတယ် ။ ဒါအပြင် ငွေစက္ကူအတုပြသာနာ ၊ ပြည်ပ ရင်းနှီးမြှပ် နှံမှုတွေ လျော့ကျတာ ၊
ကုန်သွယ်ရေး လျော့ကျတာ ၊ လျပ်စစ်မီးပြသာနာ နဲ့ ကုန်ထုတ်လုပ်မှု မှုစာရိတ်တွေ ကြီးလာတာနိုင်ငံအတွင်း က အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရပ်တန့်ကုန်တာ ၊ ပြည်တွင်းက ငွေကြေးအရင်းအနှီးတွေ ပြည်ပကို ထွက်ခွာသွားတာ စတဲ့ အကြောင်းရင်းများစွာကြောင့် ဖြစ်ပါတယ် ။
စစ်ကောင်စီက ဒီလိုကျပ်ငွေတန်ဖိုး ကျဆင်းတာတွေကို ဖြေရှင်းဖို့ မေလကုန်မှာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ နဲ့ ဒေါ်လာဝယ်ရောင်းလုပ်တဲ့သူ ၂၀ ခန့်ကို စစ်တပ်က ဒီရက်ပိုင်းအတွင်းမှာ ဖမ်းဆီးပြန်ပါတယ်။ ဘဏ်အကောင့် နဲ့ ငွေပေးချေရေးအကောင့် (Pay account) ၃၈ခုကိုလည်း ပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ် ။ ဒါ အပြင် ရွှေလုပ်ငန်းရှင် ၂၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်လာနဲ့ ဈေးရွှေတက်ရင် ဒေါ်လာနဲ့ ရွှေရောင်းဝယ်သူတွေကိုဖမ်းပြီး အရောင်းအဝယ်တွေကန့်သတ်တာက စစ်အုပ်စုခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့နည်းလမ်းဖြစ်ပါတယ် ။
စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်းခန့်နဲ့ရောင်းချဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီလိုဖိအားပေးခြိမ်းခြောက်မှုတွေကြောင့် ရွှေဈေးဟာ ကျပ် ၅၂ သိန်းဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့ပေမယ့် အရောင်းအဝယ်ရပ်တန့်သွားပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း ဒေါ်လာနဲ့ တရုတ်ယွမ်ငွေသန်း ဂဏန်း ကို ပုဂ္ဂလိကဘဏ် တွေကတစ်ဆင့်ရောင်းပြီးဈေးကွက်ထဲ ဒေါ်လာနဲ့ ယွမ်လိုအပ်ချက်နည်းအောင် လုပ်ခဲ့ပါတယ် ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စစ်ကောင်စီ ဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကိုလည်း အာဏာသိမ်းခေါင်းဆောင်က ဖြုတ်လိုက်ပါတယ်။
အများပြည်သူ အံအားသင့်စေခဲ့တဲ့လုပ်ရပ်ကတော့နိုင်ငံတကာနဲ့ ကုန်သွယ်ရာမှာ ဒေါ်လာနဲ့ နိူင်ငံခြားငွေမကုန်အောသင် ကုန်ပစ္စည်းအချင်းချင်းလဲလှယ်တဲ့ စနစ်ကို ကျင့်သုံးစေခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီက ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း ထပ်မံတင်းကြပ်ပြီးသွင်းကုန်တင်သွင်းမှုလျော့ချအောင် နည်းမျိုးစုံနဲ့ဖိအားပေးခဲ့ပါတယ် ။
ရန်ကုန်မြို့အခြေစိုက်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက“ဒီစနစ်က ကျောက်ခေတ်က သုံးနဲ့ စနစ်ပါ။ အခုခေတ်အခြေအနေရ အောင်မြင်မယ့်စနစ်မဟုတ်ပါဘူး။ ပိုသာဆိုးလာမယ့် အလုပ်ဖြစ်မယ့်စနစ်မဟုတ်ပါဘူး”လို့ ပြောပါတယ်။
ကုန်စည်ဖလှယ်တဲ့ စနစ်(Barter Transaction Arrangement-BAT)က ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ ကုန်သွယ်မှုလိုငွေ မရှိစေဖို့ ကုန်စည်ချင်း ဖလှယ်ရတာဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ကုန်သွယ်မယ်ဆိုရင် နိုင်ငံခြားငွေပေးချေမှုအပေါ် သူတို့ဝင်ရောက်ထိန်းကြောင်းတာတွေ ကင်းလွတ်ခွင့်ရမယ်လို့ စစ်ကောင်စီကဆွဲဆောင်ထားပါတယ်။ပုံမှန်ကုန်သွယ်ရေးလုပ်ရင် စစ်ကောင်စီက ပို့ကုန်ရငွေတွေကို တစ်လအတွင်း ပြည်တွင်းပြန်ယူလာဖို့နဲ့ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ စစ်ကောင်စီကို မရောင်းမနေရ သတ်မှတ်ထားတာပါ။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | ကျပ်ငွေတန်ဖိုးဘယ်လောက်အထိ ဖောင်းပွမလဲ
Пікірлер: 81