သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသွားရောက်
People's Spring
စစ်တပ်အကြီးအကျယ်အထိနာခဲ့တဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေတကျော့ပြန် ပြန်ဖြစ်လာချိန်မှာပဲ သမ္မတဟောင်းဦးသိန်းစိန်ဟာ ဇွန်လ ၁၆ ရက်က တရုတ်နိုင်ငံဆီသွားရောက်နေပါတယ်။
တရုတ်နဲ့ မြန်မာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ဖို့ဆိုပြီး နေပြည်တော်ကတဆင့် တရုတ်နိုင်ငံဆီ သွားရောက်တာလို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီခရီးစဉ်မှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ မြန်မာ − တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး ၊ ဝန်ကြီးချုပ် ဦးနုသမီး. ဒေါ်သန်းသန်းနုတို့လည်း ပါဝင်တယ်လို့သိရပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်အတွင်းကလည်း တရုတ်နိုင်ငံသွားရောက်ခဲ့ဖူးပါတယ်။
မြန်မာမှာအရပ်သားအစိုးရ ကိုဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်သံတမန်တွေဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တရုတ်သံအမတ်ဟာ နေပြည်တော်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုသွားရောက်တွေ့ဆုံပါတယ်။
လေ့လာသူတွေကတော့ စစ်အာဏာသိမ်းမှုနောက်ဆက်ဆွဲဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ တရုတ်ဘက်က ဦးသိန်းစိန် နဲ့တွေ့ဆုံပြီးနည်းလမ်းရှာတာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring | သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသွားရောက်
Пікірлер: 13