- ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ
- ကျောက်မဲမြို့မှာ လူ ၁၈၀ ဦးကို TNLA ဖမ်းဆီးစစ်ဆေးနေ
ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ
People's Spring
လားရှိုးမြို့ကို ထိုးစစ်ဆင်နေတဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ရာ သိန္နီမြို့ကို မနေ့ ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သိန္နီမြို့ ပေါ်က အထက်တန်းကျောင်းပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
= = =
ကျောက်မဲမြို့မှာ လူ ၁၈၀ ဦးကို TNLA ဖမ်းဆီးစစ်ဆေးနေ
People's Spring
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ မှာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကစတင်ဆင်နွှဲတဲ့၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း လူ ၁၈၀ ကို ဖမ်းဆီးထားတယ်လို့ တအာင်းတပ် ( TNLA) က ထုတ်ပြန်တယ်။
ဖမ်းဆီးထားသူ ၁၈၀ ဦးမှာ စစ်ကောင်စီသတင်းပေးသူ ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၊သုံးစွဲသူ ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ ၊ မူးယစ်ရမ်းကား နဲ့ နေအိမ် ဖောက်ထွင်းသူတွေ ဖြစ်ကြတယ်လို့ TNLA ကဆိုပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
Негізгі бет People's Spring
Пікірлер: 17