အမေရိကန်ဒေါ်လာသန်း ၆၆၀ ကျော်ပမာဏရှိ ရထားတွဲ (၂၄၈) တွဲ ဝယ်ယူရန် မြန်မာ့မီးရထားနှင့် Mitsubishi Electric တို့ စာချုပ်ချုပ်ဆို
++++++++++++++++++++++++++++++++++++++++++++
အမေရိကန်ဒေါ်လာသန်း ၆၆၀ ကျော်ပမာဏရှိ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းတွေမှာ Diesel Electric Multiple Unit (DEMU) ရထားတွဲ (၂၄၈) တွဲကို ဝယ်ယူအသုံးပြုဖို့ Mitsubishi Electric Co.Ltd နဲ့ မြန်မာ့မီးရထားတို့ စာချုပ်ချုပ်ဆို လိုက်ပါတယ်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ရဲ့ သက်သာသောချေးငွေ(ODA)နဲ့ အဆင့်မြှင့်တင်နေတဲ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင်တင်ရေးစီမံကိန်းမှာ DEUM ရထားတွဲ (၁၈၀)ကို အသုံးပြုမှာဖြစ်ပြီး ကျန်ရှိတဲ့ (၆၆)တွဲကိုတော့ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ အသုံးပြုမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၄)ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအဆင့်မြှင့်တင်ခြင်းစီမံကိန်းမှာ အသုံးပြုဖို့ DEMU ရထားတွဲဆိုင်းသစ် (၆)တွဲ ရောက်ရှိခဲ့ပြီး လေအေးပေးစက်ပါ ခရီးသည် (၃၆) ဦးဆန့်၊ အထက်တန်း တွဲ (၂)တွဲနဲ့ ခရီးသည်(၆၀) ဦးဆန့်၊ ရိုးရိုးတန်းတွဲ (၄) တွဲ ပါဝင်ခဲ့ပါတယ်။
တွဲတစ်တွဲရဲ့ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂ ဒသမ ၆ သန်း) ကုန်ကျတဲ့ DEMU တွဲအဖြစ် မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိခဲ့ခြင်းဖြစ်ပြီး ပိုမိုခေတ်မှီတဲ့ ရထားပို့ဆောင်ရေးစနစ်ကို ကူးပြောင်းနိုင်ရုံသာမကဘဲ မြန်မာနိုင်ငံရဲ့ လူမှုစီးပွား တိုးတက်မှုအတွက်လည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်လို့ မြန်မာ့မီးရထားရဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ဂျပန်နိုင်ငံက DEMU ရထားတွဲဆိုင်းတွေဟာ စွမ်းအင်ထုတ်လုပ်မှုနည်းပါးခြင်း၊ မီးခိုးထုတ်လွှင့်မှုနည်းပါးပြီး ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ပြီးသွားမယ်ဆိုရင် တစ်နာရီကို ပျမ်းမျှအမြန်နှုန်း (၁၀၀) ကီလိုမီတာနဲ့ ခုတ်မောင်းနိုင်မှာဖြစ်သလို ရန်ကုန်ကနေ မန္တလေးကို (၈)နာရီခန့်သာ အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တိကျမှုရှိခြင်း၊ ခရီးသွားလာရာတွင် ခရီးသည်များသက်တောင့်သက်သာရှိခြင်း၊ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
Негізгі бет ရထားတွဲ (၂၄၈) တွဲ ဝယ်ယူရန် မြန်မာ့မီးရထားနှင့် Mitsubishi တို့ စာချုပ်ချုပ်ဆို
No video
Пікірлер: 1