Sacral Chakra ရုပ်ဆိုင်ရာ Matter အမျိုးအစား ဖြစ်ပါတယ်။ Sacral Chakra (Svadhisthana: Swa သဟာ "မိမိကိုယ်ကို" လို့ အဓိပ္ပါယ်ရတယ်။ adhishthana သည် "တည်ထောင်ခြင်း" ကိုဆိုလိုတာလည်း ဖြစ်တယ်။
စိတ်ခံစားမှုဆိုင်ရာအထောက်အထား၊ တီထွင်ဖန်တီးမှုနှင့်ဆန္ဒအပေါ်လွှမ်းမိုးပါတယ်။ နိုင်ငံတကာက အနုပညာရှင်တွေ အများစုက အားကောင်းစေဖို့ ဆရာတွေနဲ့နေ့စဉ်လေ့ကျင့်ခန်းတွေ လုပ်ပြိး လေ့ကျင့်ကြတယ်။သူက တီထွင်ဖန်တီးနိုင်စွမ်းအနုပညာကို နိုးကြားစေသည်။ သူများနဲ့ မတူတဲ့ အနုပညာတွေ တီထွင်ဖန်တီးမှုတွေကို ဖြစ်စေတယ်။
ဒါ့အပြင် Sacral chakra, Svadhisthana, တီထွင်ဖန်တီးမှုနှင့်လိင်ပိုင်းဆိုင်ရာ chakra အဖြစ်လည်းလူသိများတယ်။သူက ဆီးခုံအရိုး၏အထက်တွင် တည်ရှိပြီး ဆီးလမ်းကြောင်းအောက်ရှိ လိင်အင်္ဂါနှင့် hypogastric plexus တို့ကို လွှမ်းခြုံထားတယ်။
Sacral chakra အားကောင်းတဲ့သူတွေက ထူးခြားတဲ့ သူတွေဖြစ်တယ်။ လူတွေ စိတ်ဝင်စားခြင်းကို မကြာခဏခံရလေ့ရှိတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အများနဲ့မတူတဲ့ အတွေး ရှု့ထောင့်ကနေ တီထွင်ဖန်တီးမှုတွေ လုပ်လေ့ရှိတယ်။
ဒါ့အပြင် Sacral chakra အားကောင်းတဲ့သူတွေကအိမ်ရှင်မဖြစ်ရင်တောင်မှ အချက်အပြုတ်ကောင်းတယ်၊ ဟင်းတွေက စွဲဆောင်မှု ရှိတယ်။ သစ်ပင်စိုက်ရင်လည်း အများနဲ့မတူတဲ့ စိတ်ကူးလေးတွေနဲ့ ဥယျာဉ်ပြုစုတာတွေ နည်းသစ်တွေ ဖန်တီး နိုင်တာ စသဖြင့်. တီထွင်ဖန်တိးမှုအားကောင်းကြပါတယ်။
sacral chakra အားကောင်းတဲ့သူတွေက စိတ်ရော၊ရုပ်ပါ ကျန်းမာတဲ့အပြင် ဘဝမှာလည်း စိတ်ဝင်စားစရာတွေကို အမြဲတွေ့ရှိနေတတ်ပြီး ငြီးငွေ့ခြင်းနည်းပါးကြလို့
ပျော်ရွှင်ခြင်းတွေကိုပိုင်ဆိုင်ကြရပါတယ်။
sacral chakra အားကောင်းနေသူတွေရဲ့လက္ခတွေကတော့
(၁) စွဲဆောင်မှု အားကောင်းခြင်း
(၂)လူအများရဲ့ စိတ်ဝင်စားမှုကို အလွယ်တကူရရှိနေခြင်း
(၃)တက်ကြွရွှင်လန်းမှုရှိခြင်းနှင့် ခံစား၇ခြင်း
(၄) သာယာပြီး စိတ်ပိုင်းဆိုင်ရာ 'ကောင်းမွန်စွာ ထိန်းကျောင်းခြင်း' (စိတ်ဓာတ်မကျ)။
(၅)အခြေအနေအရပ်ရပ်တွင် အခြားသူများနှင့်ပူးပေါင်း၍ ကောင်းစွာလုပ်ဆောင်နိုင်ခြင်း
(၆)အပြောင်းအလဲကို လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်ခြင်း
(၇)အသစ်ဖန်တီးမှုများလုပ်ဆောင်နိုင်ခြင်း
စတာတွေဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ မိဘတွေက သားသမိးတွေရဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးရာမှာဒီ ချက္ကရအကြောင်းကိုပါ ကလေးတွေကို နားလည်အောင် သင်ပေးလာကြတာတွေ့ရပါတယ်။
စွမ်းအင်မြှင့်တင်ခြင်း ဆိုင်ရာ လေ့ကျင့်ခန်းတွေကိုလည်း ယောဂနဲ့ တွဲဖက်ပြီး လေ့ကျင့်ပေးလာကြပါတယ်။
SACRAL CHAKRA ပိတ်ဆို့တယ်၊အားနည်းတယ်ဆိုရင်တော့. စိတ်ပိုင်းဆိုင်ရာမှာ
(၁)စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများခြင်း
(၂)ဖန်တီးမှုပိတ်ဆို့ခြင်း၊ စိတ်ကူးဉာဏ်မကောင်းခြင်း
(၃) အပြောင်းအလဲကို ကြောက်ရွံ့ခြင်း
(၄)လိင်ပိုင်းဆိုင်ရာ ကမောက်ကမဖြစခြင်း။အိမ်ထောင်သည်တွေ လိင်စွဲဆောင်မှု နည်းခြင်း၊စိတ်မပါခြင်း၊
(၅)စိတ်ဓာတ်ကျခြင်း သို့မဟုတ် စွဲလမ်းမှုလွန်ကဲခြင်း စိတ်ဝေဒနာတွေ
စတာတွေဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ပိတ်ဆို့ခြင်း၏ လက္ခဏာတွေကတောက ခါးအောက်ပိုင်း ပြဿနာများပါတယ်။
(၁) မျိုးပွားအင်္ဂါဆိုင်ရာ ပြဿနာများ (ဥပမာ သားအိမ်အရည်အိတ်များ)၊ သားအိမ်ကင်ဆာဖြစ်ခြင်း၊ မျိုးပွားမှု အားနည်းခြင်း၊ကလေးမရခြင်း။
(၂)အမျိုးသမီးတွေ ရာသီလာနောက်ကျခြင်း။စောလွန်းခြင်း၊ပုံမှန် ရက်မှန်မလာခြင်းတို့နဲ့လည်း ဆက်စပ်တယ်။
(၃)လိင်အင်္ဂါဆိုင်ရာ ရော၈ါများဖြစ်ပွားတတ်ခြင်း
(၄)ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ ပိုးဝင်ခြင်း) စတာတွေဖြစ်စေတတ်ပါတယ်။
ပိတ်ဆို့နေတယ်ဆိုရင် ဒီဗီဒီယိုဖိုင်ကို တစ်နေ့ တစ်ကြိမ်၊ တစ်ပတ်မှာ ၃ ကြိမ် ကြည့်ပေးပါ။ ကြည့်တဲ့အခါမှာလည်း ရှေ့မှာ ဖွင်ထားပြီး ရားထိုင်သက်သောင့်သက်သာစွာ ထိုင်ရင်းနဲ့ အသံကို နားစွင့်ထားပါ။ အာရုံကတော့ အသံနဲ့ ကိုယ့်ရဲ့ ချက်အောက်ပိုင်းနဲ့ မျိုးပွားအင်္ဂါကြားနေရာကို အာရုံထားပါ့မယ်နော်။ အဲဒီနေရာကတော့ ဒုတိယမြောက်ဗဟိုစွမ်းအင်ချက်မကြီး ဖြစ်တဲ့ စကာရယ်ချက္ကရာရဲ့ နေရာဖြစ်ပါတယ်။ သူက လိမော်ရောင်ကကိုယ်စားပြုပါတယ်ရှင်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha
Reiki Master Teacher
Негізгі бет Reiki Distance Healing For Sacral Chakra
Пікірлер: 34