ချစ်သောသူများအားလုံးပဲ
မင်္ဂလာပါ
ဒီအသံဖိုင်လေးကတော့ ကျန်းမာရေးအတွက်အရေးကြီးလှတဲ့
Root Chakra +Sacral chakra နဲ့Solar Plexus Chakraတို့ကို healing လုပ်ပေးတဲ့ အသံဖိုင်ဖြစ်ပါတယ်။
ဒီချက္ကရ ၃ ခုဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အရေးကြီးတဲ့ချက္က၇တွေဖြစ်ပါတယ်။ ဘဝလုံခြုံမှုနဲ့ကျန်းမာရေးအတွက် အမြဲတမ်းလေ့ကျင့်ပေးရမှာပါ။
ပြီးရင် ပထမဆုံး ကြားရမှာက Root Chakra ဖြစ်ပါတယ်။ သူက အနီရောင်ရှိပါတယ်။ လူတိုင်းအတွက် အရေးကြီးတဲ့အဓိက ပင်မရင်းမြစ် ချက္ကရတစ်ခုဖြစ်ပါတယ်။ ပိတ်ဆို့နေတာတွေ ပွင့်သွားပြီးစွမ်းအားရျိလာရင် လူတွေဟာ ပိုပြီး စိတ်ခြုံလုံမှုရှိပြီး ကျန်းမာအေးချမ်းခြင်းကို ခံစား၇ပါတယ်။ Root Chakra အားနည်းတဲ့သူက ကျန်းမာရေးချို့တဲ့တတ်တယ်။ ရောဂါတစ်ခုမဟုတ်တစ်ခု ဝင်ဝင်လာတတ်တယ်။
ဒုတိယ ကြားရမဲ့ အသံဖိုင်ကတော့
2. Sacral chakra
အရောင်- လိမ္မော်ရောင်
သူက ဆီးခုံအရိုး၏အထက်တွင် တည်ရှိပြီး ဆီးလမ်းကြောင်းအောက်ရှိ လိင်အင်္ဂါနှင့် hypogastric plexus တို့ကို လွှမ်းခြုံထားတယ်။ညျို့ယူစွဲဆောင်နိုင်ခြင်းနှင့် ဖန်တီးနိုင်မှု စွမ်းရည်ကို ကိုယ်စားပြုပါတယ်။ သူအားနည်းရင် ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေကတော့ မီးယပ်ရောဂါဖြစ်တာ၊သားအိမ်အားနည်းတာ၊သားအိမ်ကင်ဆာဖြစ်ပွားတာစသဖြင့် ဖြစ်တတ်ပါတယ်။
တတိယ ကြားရမဲ့ အသံဖိုင်ကတော့
3.Solar Plexus Chakra (aka Manipura)
အရောင်- အဝါရောင် ဖြစ်ပါတယ်။သူ အစာအိမ်ဧရိယာတစ်ဝိုက်တွင်တည်ရှိပြီး
Solar Plexus Chakra ဟာ ကိုယ်ရေးကိုယ်တာဆန်တဲ့ စိတ်ခံစားမှု(တက်ကြွမှု။ ပျင်းရိမှု၊ ရွှင်လန်းမှု။ နောက်ကျိမှု စတဲ့ ပင်ကိုယ်စိတ် ('gut feeling') နဲ့ ယုံကြည်မှုတို့ကို လွှမ်းမိုးတယ်။ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးတဲ့ ချက္ကရ ဖြစ်ပါတယ်။
သူအားနည်းရင် စည်းကမ်းမရှိတာ၊ဗရမ်းဗတာနေထိုင်ပြောဆိုတတ်တာ၊လေးနက်တည်ကြည်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။
ချက္ကရသုံးမျိုးစလုံးအတွက် စီစဉ်ပေးထားတဲ့ တရားထိုင်ခြင်းဆိုင်ရာအသံဖိုင်ကို နားဆင်ဖို့ အဆင်သင့်ပြင်ကြပါစို့။
ချစ်သောသူများအားလုံး ကျန်းမာပါစေ ချမ်းသာပါစေ ဘေးကင်းလိုရာပြည့်ပါစေ.။
ကျွန်မရဲ့ ပညာ၊အချိန်နဲ့ မေတ္တာကိုပေးဝေပါတယ်။❤️❤️❤️
ကျွန်မပို့သသောမေတ္တာများရရှိ၍ ဘေးကင်းလိုရာပြည့်ကြပါစေ။🌹
ကျမကို ကျေးဇူးတင်မဲ့အစား ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိစေဖို့အတွက်
နိုင်တဲ့နေရာကနေ ကူပေးပါနော်။ ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်သလို၊မျိုးဆက်တွေအတွက်လည်း အရေးကြီးပါတယ်။
ဒါကြောင့် နိုင်တဲ့နေရာကနေပါဝင်ပေးဖို့လိုပါတယ်။ မလှူနိုင်၇င်လည်း Click တဲ့နည်းလမ်းနဲ့ကူပေးပါဦးနော်။ နိုင်ရာဝန်ကိုထမ်းပေးဖို အထူးမေတ္တာရပ်ခံပါတယ်။ယူကျူ့မှာ ပဒေသာပင် ကိုလည်း ဝင်ကြည့်ပေးပါနော်။
#အရေးတော်ပုံအောင်ပြီ
ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့်
Негізгі бет Root Chakra +Sacral chakra နဲ့Solar Plexus Chakraတို့ကို healing လုပ်ပေးတဲ့ အသံဖိုင်
Пікірлер: 56