ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်ပြောင်းဖို့ တရုတ်ဖိအားပေးနေ (ရုပ်/သံ)
စောမေရီ၊ ဇူလိုင် ၁၆၊ ၂၀၂၄
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ခေါင်းဆောင်သစ်တယောက် ပေါ်ထွက်လာရေးကို တရုတ်နိုင်ငံက လိုလားနေပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် လက်ရှိ စစ်ခေါင်းဆောင် မဟုတ်ပဲ မျက်နှာပန်းလှတဲ့ အရပ်သားအစိုးရ တင်မြှောက်နိုင်ရေး ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ဖို့ စစ်ကောင်စီကို တွန်းအားပေးနေတယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်နေကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေအပြင် နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းကို အဆိုးရွားဆုံး ကြုံနေရပြီး အာဏာသိမ်းပြီးကတည်းက စနစ်တကျ ပြင်ဆင်ထားတဲ့ သူရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး အတွက်ပါ အခက်တွေ့နေရ တာပါ။
#ရွေးကောက်ပွဲ #ခေါင်းဆောင်အသစ် #အရပ်သားအစိုးရ #တရုတ်နိုင်ငံ
Негізгі бет ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်ပြောင်းဖို့ တရုတ်ဖိအားပေးနေ
No video
Пікірлер: 330