တစ်နေ့ကျတော့ ဒီစမ်းသပ်မှုကို လုပ်ကြည့်ဖို့ ရုတ်တရက် မမျှော်လင့်ပဲ စိတ်ကူးထွက်လာတယ်။ ကျွန်မက အမြဲလိုလို နေမကောင်းဖြစ်ပြီး မောပန်းသလိုပဲ ခံစားနေရပြီးတော့ ကိုယ့်ဘာကိုယ်လည်း ဆွဲဆောင်မှုမရှိဘူးလို့ ခံစားရတယ်။
အဲတော့ ကိုယ့်ဘာကိုယ်ပဲ ပြန်စဉ်းစားကြည့်တာပေါ့။ ဂျပန်အမျိုးသမီး၊ ကောင်မလေးတွေက ပြောစရာမလိုအောင်ကို လှတဲ့ အပြစ်အနာဆာ မရှိတဲ့ အသားအရေတွေနဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးတွေ ရဖို့ သူတို့တွေဘယ်လိုတွေလုပ်ကြလဲ ဆိုတာ စဉ်းစားနေမိတယ်။ ပြီးတော့ သူတို့တွေက အသက်အရွယ်နဲ့ မလိုက်အောင်ကို အရွယ်တင်ကြတယ်။
ဒါတွေက မှော်ဝိဇ္ဇာအတတ်တွေပါပဲလားလို့ ယူဆပြီး ဒီအတိုင်းမထားလိုက်ခင်မှာ ကျွန်မအနေနဲ့ အင်တာနက်မှာ လေ့လာမှု အနည်းငယ် ပြုလုပ်ခဲ့တယ်။ အဲဒီအခါကျတော့ မနက်အိပ်ရာနိုးနိုးချင်း ဗိုက်ထဲဘာအစာမှမရှိတဲ့အချိန်မှာ ရေကို ချက်ချင်းသောက်ရမယ်ဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့ အလေ့အကျင့်တစ်ခုကို တွေ့ရှိခဲ့တယ်။ ဒါက ကျွန်မလုပ်ဖို့ လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ မြောက်များစွာသော လေ့လာမှုတွေကလည်း ဒီရိုးရှင်းတဲ့ အလေ့အကျင့်ဟာ အမျိုးမျိုးသောကျန်းမာရေးအခြေအနေ အများစုအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိခဲ့ကြောင်း ပြောပြခဲ့တာတွေကိုလည်း ကျွန်မသိရှိခဲ့တယ်။
Негізгі бет Ойын-сауық အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် ရေချည်းပဲ တစ်လလောက်သောက်လျင် ဘယ်လိုဖြစ်လာမလဲ?
Пікірлер: 284