တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား (ရုပ်/သံ)
ဧရာဝတီ၊ ဇူလိုင် ၁၂၊ ၂၀၂၄
၂၀၂၁ ခုနှစ် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှုတွင် နွေဦးတော်လှန်ရေး အင်အားစုများ ပေါ်ပေါက်လာခြင်းသည် မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲများကို အားဖြည့်ပေးလိုက်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများကို အားတက်သရော ကူညီခဲ့ကြသည်။
ဤအင်အားစုနှစ်ခုသည် တသားတည်း၊ တဖွဲ့တည်း ဖြစ်မလာသော်လည်း အင်အားစုနှစ်ခု ပူးပေါင်းခြင်း၊ အပြန်အလှန် ကူညီခြင်းသည် အင်အားဖြစ်သည်ကို နှစ်ဖက်လုံးက ကောင်းစွာသိကြ၏။ စစ်တပ်သည် အာဏာသိမ်းပြီးကတည်းကက နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများကို ခွဲထုတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့မှုများသည် အရာမထင်ဘဲ ပျက်ပြယ်သွားခဲ့ပြီကို မြင်တွေ့ခဲ့ရပြီဖြစ်သည်။ ဤအချက်သည် စစ်ကောင်စီအားထိုးနှက်တိုက် ခိုက်ရာတွင် စစ်ရေးအရ အရေးပါသည့် အချက်ဖြစ်၏။
စစ်ရေးအရ စစ်ကောင်စီတပ် မရှူနိုင်မကယ်နိုင် အရေးမလှ ဖြစ်နေသေးသော်လည်း နိုင်ငံခြားသားများ အပါအဝင် ပညာရှင်ဟု ကိုယ့်ကိုယ်ကို မှတ်ယူနေကြသူများ၊ မြန်မာ့အရေး ကျွမ်းကျင်သူများဟု ကိုယ့်ကိုယ်ကို ယူဆထားကြသူများက နေပြည်တော် အပါအဝင် မြို့ကြီးပြကြီးများအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်မဟုတ်၊ အင်အားတောင့်တင်းသော တိုင်းရင်းသားတပ်ဖွဲ့များကလည်း သူနယ်ထက်ကျော်ပြီး သိမ်းနိုင်မည်မဟုတ်ဟု ယူဆနေကြ၏။
တကယ်တမ်းတွင် စစ်ကောင်စီ ပြိုကျနေခြင်း၊ တပ်အင်အား ၁၀ ရာခိုင်းနှုန်းကျော် စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်ခြင်း၊ ကျန်တပ်အများစု အထိနာနေခြင်း၊ စစ်မတိုက်ချင်ဘဲ သိမ်းသွင်းထားသော တပ်သားသစ်များသည် စစ်မြေပြင်တွင် သုံးမရသေးခြင်း စသည့် အကြောင်းအချက်များစွာသည် နယ်စပ်ဒေသတွင်သာမက ပြည်မမြို့ကြီးရှိ တပ်များကိုလည်း ထိခိုက်သည်သာ ဖြစ်၏။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR
Негізгі бет တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား (ရုပ်/သံ)
Пікірлер: 544