ချစ်သောသူများ
ဒီအသံဖိုင်လေးက စိတ်ဒဏ်ရာရရှိထားသူတွေအတွက် စိတ်ဒဏ်ရာတွေကိုလျော့ပါးသက်သာသွားစေဖို့တွက် နားထောင်ရတဲ့အသံကုထုံးအသံဖိုင်ဖြစ်ပါတယ်။
စွမ်းအင်ကျောက်ရှိတဲ့သူတွေကတော့ လက်ထဲမှာ စွမ်းအင်ကျောက်ကို ဆုပ်ကိုင်ပြီးတော့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အနီးအနားမှာပဲ ဖြစ်ဖြစ် ခရမ်းဆွဲ စွမ်းအင်ကျောက် + သူယောင်စွမ်းအင်ကျောက်နဲ့ သလင်းဖြူစွမ်းအင်ကျောက်တို့ကို ထားရှိပြီးတော့လည်း နားထောင်လို့ရပပါတယ်။
ခန္ဓာကိုယ်အနေအထားကလည်း သတ်မှတ်ချက်မရှိပါဘူး။ တရားထိုင်သလို ထိုင်လို့ဖြစ်စေ၊ လဲလျောင်းလို့ဖြစ်စေ၊ ကုလားထိုင်ပေါ်မှာ ခန္ဓာကိုယ်ဖြေလျော့ထိုင်လို့ပဲဖြစ်စေ အဆင်သင့်သလို လုပ်ဆောင်နိုင်ပါတယ်။
အသံကုထုံးဖိုင်ဖြစ်တဲ့အတွက် အသံကိုအာရုံစိုက်ပြီး ၁၅ မိနစ်နားထောင်ပေးရပါမယ်နော်။
၃ ရက်ဆက်တိုက် နားထောင်ရင်ပဲ ခံစားချက်တွေပေါ့ပါးသွားပြီး ပုံမှန်စိတ်အခြေအနေကို ပြန်ရောက်နိုင်ပါတယ်။
စိတ်ဒဏ်ရာ အနုစားကနေ အရင့်စားစိတ်ဒဏ်ရာထိ နားဆင်လို့ရတဲ့ အသံကုထုံးဖိုင်ဖြစ်ပါတယ်။ အနုစားကနေ အရင့်စားအဆင့်ထိ အဆင့်ဆင့်နားဆင်သွားနိုင်ဖို့လည်း ကျမအနေနဲ့ ကြိုးစားပေးနေပါတယ်။
ကိုယ့်ရဲ့ ဝမ်းနည်းနာကျင်ရတာတွေကို စိတ်ထဲကနေ ဖယ်ရှားမောင်းထုတ်ပစ်နိုင်ဖို့အတွက် ဒီအသံဖိုင်လေးကို နားထောင်ပါလို့ ချစ်ခြင်းမေတ္တာအပြည့်နဲ့အားပေးတိုက်တွန်းပါရစေရှင်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha
Energy Healer, Reiki Master Practitioner, Art Therapy Practitioner
Негізгі бет Trauma Healing Music - Level 1စိတ်ဒဏ်ရာတွေကိုလျော့ပါးသက်သာသွားစေဖို့
Пікірлер: 6