တွံတေးမြို့မှ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး သို့ ဘုရားဖူး သွားမယ်။
ဒီ Vlog လေးကတော့ ရန်ကုန်တိုင်း တွံတေးမြို့မှာ ရှိတဲ့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ကိုစက်ဘီးနဲ့သွားရောက်ဖူးမျှော်ခဲ့တဲ့ Vlog လေးဖြစ်ပါတယ်။
စက်ဘီးသမားတွေအများအပြား သွားရောက်ဖူးမျှော်သူတွေရှိကြပေမယ့် ကျွန်တော်ကတော့ စက်ဘီးနဲ့ ခုမှရောက်ဖူးခဲ့တာပါ။
ရွှေဆံတော်ဘုရား လေးဆူရှိတယ်လို့ကြားဖူးခဲ့ပါတယ်၊ ပုဂံ၊တောင်ငူ၊ပြည်၊ နဲ့ တွံတေးမြိုတို့မှာတည်ရှိတာဖြစ်ပါတယ်။
အဲ့ထဲကမှ ခု Vlog လေးမှာပါဝင်တဲ့ တွံတေးမြို့ရဲ့ ကျက်သရေဆောင် ဘုရားကြီးကိုဖူးခဲ့ရလို့ကြည်နူးမိပါတယ် အလွန် သပ္ပါယ်ပြီး အရမ်းသာယာတာကြောင့်သွားရောက် ဖူးမျှော်ကြဖို့လဲ တိုက်တွန်းချင်ပါတယ်။
လမ်းဘုရားများဖြစ်တဲ့ ကျိုက်ဖူး ကျိုက်ပါစေတီ၊ကံ့ကော် တစ်ထောင်စေတီ၊မင်္ဂလာကန်ပေါ်အေးစေတီများ အပြင်အခြားစေတီများလဲဝင်ရောက်ဖူးမျှော်ခဲ့ပါသေးတယ်။
ခရီးစဉ်မှာ Biker(၄) ယောက်အတူတူစီးနင်းခဲ့ကြပြီး ရန်ကုန် သုဝဏ္ဏမှ မနက် (၅ : ၃၀) မှာစတင်ကာ ဘုရားသို့ အသွားအပြန် ( 98 km) နင်းခဲ့ကြပါတယ်။
အသွားကို တွံတေးတံတားဖက်မှသွားခဲ့ကြပြီး အပြန်ကိုတော့ ဒလ မှသင်္ဘောစီးပြီးပြန်ခဲ့ကြပါတယ်။
စက်ဘီးစီးပြီး သဘာ၀ရဲ့အလှအပတွေကိုခံစားရင်း လက်ဆက်တဲ့လေကိုရှူရှိုက်ကာ ဘုရားဖူးရတဲ့အရသာလေးကိုခံစားကြည့်ကြပါလို့လဲ ပြောချင်ပါတယ်။
သွားရောက်စီးနင်းချင်လို့ လမ်းအနေအထားအသေးစိတ်ကိုသိချင်တယ်ဆိုရင်လဲ cb မှာကျွန်တော့်ကိုလာရောက်မေးမြန်လို့ရပါတယ်။
⭐ ဒီလို စက်ဘီးစီးပြီးခရီးသွားတဲ့ Vlogs နဲ့ Knowledge Sharing Videos တွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Shein Zar Cyclist Facebook Page နဲ့ KZitem Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါဦးနော် ⭐
❗️Facebook Page / sheinzarcyclist ❗️
❗️ KZitem Link / @sheinzarcyclist ❗️
❗️ဒီ Facebook Page လင့် / sheinzarcyclist.mbn လေးမှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။❗️
လေးစားစွာဖြင့်
Shein Zar
=========================
Music In This Video
Music: Beach - AShamaluevMusic (ASM).
Music Link: • Beach - • Beach - AShamaluevMusi...
#cycling #cyclingvlogger #travelvlog #bicycletour #bikelover #biker #bicycle #စက်ဘီးစီးခြင်း #ခရီးတိုသွားခြင်း #myanmartravel #cyclist #cyclists
Негізгі бет တွံတေးမြို့မှ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးသွားမယ်။ ( Shein Zar Cyclist )
Пікірлер: 17