၂၀၂၁တွင်း စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကျမ ကြုံတွေ့ခံစားခဲ့ရပါတယ်။ မိသားစုနဲ့ဝေးနေရတဲ့ တစ်ယောက်တည်းအထီးကျန်နေချိန်မှာ ကျမအတွက် နေ့ရက်တိုင်းဟာ ပင်ပန်းခက်ခဲခဲ့ပါတယ်။ ဘာလုပ်ရမှန်းမသိအောင်ဖြစ်လာပြီးတော်တော်နဲ့ ရှေ့ဆက်လို့မရခဲ့ပါဘူး။
နေ့တိုင်းဟာ ဖေဖေနဲ့မေမေ့အတွက် စိတ်ပင်ပန်းသောကတွေ၊ မိသားစု အားလုံးနဲ့ဝေးကွာနေရတဲ့အချိန် အထီးကျန်ခြင်း၊ အလုပ်နဲ့ဝင်ငွေမရှိတော့တဲ့အတွက် သိမ်ငယ် ခြောက်သွေ့ခြင်း စတဲ့အချိန်တွေ၊ ကြားရတဲ့ မအလတွေရဲ့ လူမဆန်မှုတွေကြောင့် ဒေါသဖြစ်ရတာတွေ စိတ်ဆင်းရဲမှုတွေဟာ ကျမရဲ့ ဘဝကိုတောင် အဆုံးသတ်လိုက်ချင်လာတယ်။ ဒါပေမဲ့ အဲဒီလို အရှုံးမပေးဖို့လည်း ကျမ ကြိုးစားနေမိတယ်။
ည တွေမှာ အိပ်မပျော်လို့ အိပ်ဆေးတွေသောက်အိပ်ခဲ့ရတယ်။
နေ့ဘက်မှာ ဒေါသနဲ့သောကတွေ ဖိစီးလွန်းလို့ တစ်နေကုန်နီးပါး ဘုရားစာရွတ်ပြီး တရားထိုင်နေရပါတယ်။ ပြီးတော့ တစ်ခုခုသင်ယူနေရင် စိတ်ထိခိုက်ခံစားရတာတွေ သက်သာမှာပဲ ဆိုတဲ့စိတ်နဲ့ အဘိဓမ္ဓာသင်တယ်။ ပဋိစ္စသမုပ္ပသင်ပါတယ်။ ပြီးတော့ နက္ခတ္တဗေဒကို ဘဘဆရာနဲ့သင်ပါတယ်။ ဒါတွေအားလုံးဟာ ကျမကိုယ် ကျမ ရှေ့ဆက်နိုင်ဖို့ စိတ်သောကဝေဒနာတွေရဲ့ ဖိစီးမှုကို လွတ်မြောက်စေဖို့အတွက် ကြိုးစားအားထုတ်နေခဲ့တာပါ။
အဲဒီလို ဖတ်တဲ့အခါမှာ David Pond ရဲ့ "Chakras for Beginners" ဆိုတာကို သွားဖတ်မိတယ်။ ဖတ် ပြီးတော့ စာထဲက အတိုင်းဆိုရင် ကျမ ဖြစ်နေတဲ့ အစာအိမ်နာခြင်းဟာ ကျောရိုးချက္ကရအားနည်းလို့ ပါလား ဆိုတာကို နားလည်လာတယ်။ ခေါင်းတခြမ်းဟာ ရက်ခြားဆိုသလို ကိုက်နေတတယ်။ ဆေးသောက်လည်း မပျောက်ပါဘူး။ အထီးကျန်ခြင်းနဲ့စိတ်ဖိစီးမှုများနေတာ ဒါတွေအားလုံးဟာ ဆေးဘက်ဆိုင်ရာပြဿနာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာပါလား ဆိုတာကို ဒီစာတွေဖတ်ပြီးချိန်မှာ ကျမ ကောင်းကောင်းနားလည်လာတယ်။
အဲဒီအချိန်မှာ စပြီး ကျမရဲ့ တတိယမျက်လုံးပွင့်စေဖို့ ကို အချိန်ပိုယူပြီး အခြား ချက္ကရတွေကိုလည်း တစ်ပတ်စီ တိုးပြီး ကျင့်စဉ်တွေကို စပြီးလေ့ကျင့်မိပါတယ်။ လေ့ကျင့်နေတဲ့ ပထမပတ် (၁-၇)ရက်အတွင်းမှာ ကျမဟာ သိသာစွာ ပြောင်းလဲလာတယ်။ ပြောရရင်တော့ ကျမကိုယ် ကျမ ပြန်ရှာတွေ့လာနိုင်တယ်။
အရင်ဆုံး ခံစားလာရတာကတော့ စိတ်တွေ သိသာစွာ အေးချမ်းလာတယ်။ စိတ်ထဲထိခိုက်လွန်းတဲ့ ခံစားချက်တွေမရှိသလောက်ဖြစ်သွားတယ်။ အဲဒီအချိန်မှာ စိတ်ထိခိုက်စရာတွေလည်း ကြားနေရတုန်းပါပဲ။
အဲ့မှာတော့ စိတ်ထဲတည်ငြိမ်အေးချမ်းနေတယ်။ တိုက်ခိုက်မှုကြောင့် ဝမ်းနည်းတာတွေ မဖြစ်ဘူး။ အချို့က ပြောတယ်၊ အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် နာမည်ပိုကြီးသွားပြီတဲ့…အရင်တုန်းကဆို ဝမ်းသာမိမှာပါပဲ။ ကျမက အောင်မြင်ကျော်ကြားမှုကို ပိုက်ဆံထက်ပိုပြီး မက်မောတဲ့သူထဲမှာ ပါတယ်။ ဒါပေမဲ့ အဲ့အချိန်မှာတောက ထူးပြီး ဝမ်းသာတာတွေလည်း မရှိပါဘူး။ စိတ်ထဲ တည်ငြိမ်းအေးချမ်းမှုကို ခံစားနေရတယ်။
စိတ်ထဲမှာ ဘေးကင်းလုံခြုံမှုကိုပါ ခံစားလာရတယ်။ ကျမအတွက်တော့ အလွန်အဆင်ပြေတယ်။ နေရထိုင်ရတာလည်း ကိုယ့်ကိုယ်ကို ကျေနပ်နေတယ်၊ အလွန်အေးချမ်းပြီး စိတ်တွေကလည်း သန့်ရှင်းနေတယ်။
အဲဒီအချိန်မှာ ကျမရဲ့ တတိယမျက်လုံး ပွင့်သွားပြီ ဆိုတာကို သိလာရတယ်။ ကျမ အချို့လူတွေရဲ့ စိတ်ထဲက ဟာတွေကို သူတို့စကားပြောတာကိုနားထောင်ပြီး သူတို့မျက်လုံးကိုသေချာကြည့်ရုံနဲ့ သိလာရတယ်။
အဲဒီမှာ ကျမဟာ သရဖူချက္ကရနဲ့ နှလုံးချက္ကရတွေကို ဆက်ပြီး လေ့ကျင့်ရင်း ချက္ကရ ၇ ခုလုံးပြည့်အောင် လေ့ကျင့်ဖြစ်လာခဲ့တယ်။
အဲဒါကိုလေ့ကျင့်နေတုန်း သိသာလာတာကတော့ ကျမရဲ့နှစ်ပေါင်း၂၀ ကျော် အမြစ်တွယ်နေတဲ့ ရောဂါတစ်ခုပျောက်သွားပြီဆိုတာကို စိတ်ထဲက သိလိုက်ရတယ်။ အစာအိမ်နာတာ ပျောက်ကင်းသွားတယ်။ ခေါင်းကိုက်တဲ့ အကြိမ်ရေဟာ တဖြည်းဖြည်းနဲ့ နည်းပါးသွား အစာအိမ်နာခြင်းမရှိတော့ဘူး၊ ခေါင်းကိုက်ခြင်းမရှိတော့ဘူး၊စိတ်ထဲမှာနေလို့ကောင်းလာတယ်။
အဲဒီအချိန်မှာ ကျမ သိလိုက်ရတာက ကျမတို့ဟာ စိတ်ဒဏ်ရာအကြီးစားရသွားတာနဲ့ ရောဂါဖြစ်ပွားဖို့ လမ်းဖွင့်လိုက်သလိုပါပဲလား ဆိုတာကို ကျမသိလိုက်ရတယ်။စိတ်ဒဏ်ရာဟာ လူရဲ့ ကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါတစ်မျိုးမျိုးဖြစ်လာစေပါတယ်။
လူတိုင်းဟာ စိတ်ဒဏ်ရာရနိုင်ပါတယ်။ ချစ်တဲ့သူတွေနဲ့ သေကွဲ သို့မဟုတ် ရှင်ကွဲ ခွဲရတဲ့အခါ၊ စီးပွားရေး ပျက်ဆီးသွားတဲ့အခါ၊ အိမ်ထောင်ရေး ပျက်ဆီသွားတဲ့အခါ၊ မတရားအနိုင်ကျင့်ခံ၇တဲ့အခါ။ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံရတဲ့အခါ အဲဒီအချိန်မှာ ကျမတို့အားလုံးဟာ သတ်မသေဘဲနဲ့ ကိုယ့်ကိုယ်ကို အားတင်းပြီး တင်းခံနေခဲ့ကြတယ်။ အဲဒီလို တင်းခံနေတာဟာ ခံနိုင်ရည်ရှိတာပဲ လို့ ယူဆနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ စိတ်တွင်းမှာ လက်ခံလိုက်ရတဲ့အပေါ်မကျေနပ်မှုနဲ့ တမြည့်မြည့်ခံစားနေရတယ်။
အဲဒီဒဏ်ရာဟာ အတွင်းမှာ တမြည့်မြည့်နဲတစ်ရက်ပြီးတစ်ရက် ကြီးထွားလာတာပါ။ အမြစ်တွေလိုပဲ အတွင်းမှာ လျှိုက်စားပြီးတိုးပွားလာတယ်။
အစာအိမ် နာရောဂါ၊ သွေးတိုးရောဂါ၊နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ။ လေးဘက်နာရောဂါ…ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါ…၊ ကင်ဆာ ရောဂါ..စသဖြင့်…ရောဂါတွေဟာ တစ်ခုမဟုတ် တစ်ခုပေါ်လာတော့တာပါပဲ၊ ရောဂါအများစုရဲ့ အခြေခံဟာ စိတ်တွင်းဒဏ်ရာကနေ စတင်ပါတယ်ဆိုတာကို ခုတော့ ကျမ လက်ခံသွားပါပြီ။ စိတ်ကြောင့် ရုပ်ပျက်ဆီးရတဲ့ သဘောပါ။
ဟုတ်ပြီဒါဆိုရင် ကျမတို့ရဲ့ အကြောင်းကြောင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကို ကုစားသင့်တယ်ဆိုတာကို ကျွန်မက လက်ခံနားလည်လာတယ်။ ရောဂါဖြစ်လာမှ ဆေးရုံတက်တဲ့အခါ အချိန်ဟာ နှောင်းသွားပါပြီ။ အဲဒီလို ရောဂါဖြစ်တဲ့ အဆင့် မရောက်ခင်မှာ ကျမတို့ရဲ့ စိတ်ဒဏ်ရာတွေကို နေ့စဉ်ပုံမှန်လေး ကုစားပေးမယ်ဆိုရင် ကျမတို့ဟာ အသက်ရှည်ပြီး စိတ်ရောရုပ်ပါ ကျန်းမာနိုင်ပါတယ်။
ကျမအနေနဲ့ ခုလို အကြပ်အတည်းကာလမှာ အားလုံးရဲ့ စိတ်သောကဝေဒနာတွေ၊စိတ်ဒဏ်ရာတွေကို ကိုယ်ကိုယ်တိုင် စွမ်းအင်နဲ့ကုစားနိုင်ဖို့အတွက် မေတ္တာနဲ့လုပ်ဆောင်ပေးမှာပါ။
Chakra Healing session လုပ်ပေးပါ့မယ်။ Chakra Healing ဆိုတာက စွမ်းအင်ကုစားမှုအပိုင်းဖြစ်ပါတယ်။ ရုပ်နဲ့နာမ်ကို လွှမ်းမိုးပြီးစွမ်းအင်ဖြစ်စေသော
စွမ်းအင်ဗဟိုချက် ၇ ခုဟာ လူတိုင်းမှာ ရှိပါတယ်။ အဲဒီ စွမ်းအင်တွေနဲ့ပဲ ပြန်လည်ကုစားပြီး သက်ရှည်ကျန်းမာအောင်ကိုယ့်ကိုယ်ကိုပြန်လည်ပျိုးထောင်ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေ့ပဲ စတင်ကြပါ။
Негізгі бет 7 Chakras Healing (7 in 1 တရာထိုင်၍ မန္တရွတ်ခြင်းအသံဖိုင်)
Пікірлер: 14