ဒီလေ့ကျင့်ခန်းကလည်း အရေးပါတဲ့လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်နဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို နေ့စဉ်မေတ္တာဖြန့်ဝေပေးပါမယ်။ကိုယ်ချစ်တဲ့သူတွေတစ်ဦးချင်းဆီကိုမြင်ယောင်ပေးပြီး ဖြန့်ဝေရတာဖြစ်ပါတယ်။ ဖြန့်ဝေပေးနေစဉ်မှာလည်း ကိုယ်ပို့သနေတဲ့ မေတ္တာတွေ သူတို့ဆီရောက်ရှိပြီးသူတို့ကျန်းမာချမ်းသာစွာ ခံစားရတယ်ဆိုတာကို ကိုယ်က ခံစားမြင်ယောင်ရမှာ ဖြစ်ပါတယ်။ မေတ္တာအစွမ်းဟာအထက်ဆုံးမို့ ဒီလေ့ကျင့်ခန်းကိုလည်း နေ့စဉ် အနည်းဆုံး တစ်ကြိမ် လေ့ကျင့်ပါမယ်နော်။ ကျွန်မကတော့ ခုချိန်မှာ နံနက် တစ်ကြိမ် ည တစ်ကြိမ်လေ့ကျင့်ပါတယ်။ အချိန်ရရင် နံနက်၊နေ့လည်၊ည ဆိုပြီး သုံးကြိမ်လေ့ကျင့်ပါတယ်ရှင်။
((ကျမအနေနဲ့ ခုလို ကာလတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားဖို့နဲ့နည်းပညာကိုသေသေချာချာ စနစ်တကျနဲ့လုပ်ဆောင်ဖို့အခက်အခဲရှိနေတဲ့အတွက်ရှိတာလေးနဲ့ပဲ အဆင်ပြေအောင်လုပ်ပေးနေရလို့စိတ်လည်းမကောင်းပါဘူး၊ ခုထက်ပိုပြီးြ့ပည့်စုံကောင်းမွန်အောင်လုပ်ပေးချင်ပါတယ်ရှင်)
စိတ်ဝင်စားရင် ဒီမှာဝင်ပြီးလေ့လာကြည့်ပါနော်
/ 479142436900974
ချစ်သောသူများအားလုံးအတွက် ကျွန်မရဲ့ ပညာ၊အချိန်နဲ့ မေတ္တာကိုပေးဝေပါတယ်။ကျွန်မပို့သသောမေတ္တာများရရှိ၍ ဘေးကင်းလိုရာပြည့်ကြပါစေ။
ကျမကို ကျေးဇူးတင်မဲ့အစား ကလစ်ပေးပါနော်။ နေ့စဉ်ကလစ်တယ်ဆိုရင် ကျမကိုကျေးဇူးတင်တဲ့အနေနဲ့ တစ်ကြိမ်ပိုထည့်ပြီးတော့သာ ကလစ်ပေးပါရှင်။ပြည်သူအများ ပျော်ရွှင်ခွင့်ရစေဖို့အတွက် နိုင်ရာဝန်ကိုထမ်းပေးဖို့မေတ္တာရပ်ခံပါတယ်။
#အရေးတော်ပုံအောင်ပြီ
ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့
Негізгі бет မေတ္တာပွားခြင်း(Heart Chakra Healing)
Пікірлер: 21