တရားတော်ကြီးကို သာသနာတော်သက္ကရာဇ် ၂၅၆၀၊ ကောဇာသက္ကရာဇ် ၁၃၇၈၊ တပိုတွဲလဆန်း (၁၂)ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၁၇၊ ဖေဖေါ်ဝါရီလ၊ ၈ရက်နေ့ ရန်ကုန်တိုင်း၊ သု၀ဏ္ဏမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ ဓမ္မစိန္တာလမ်း၊ အရှေ့ပိုင်းသုဓမ္မာဓမ္မာရုံတော်ကြီးမှာ ကျင်းပပြုလုပ်တဲ့ အလုပ်ပေးတရား (၅) ရက် တရားစခန်းပွဲကြီးတွင် ဆရာတော် အရှင်အရိယဓမ္မမှ ဟောကြားခဲ့ခြင်းဖြစ်လေသည်။
ရဟန်းတို့ … ဆင်းရဲတရား အားလုံးတို့သည် ခံစားခြင်း ဝေဒနာကြောင့်ဖြစ်ပေါ်၏လို့ ရူမှတ်ခြင်းသည် တမျိုး၊ ဤဝေဒနာ အကြွင်းမဲ့ချုပ်ငြိမ်းပါက ဆင်းရဲတို့သည် ဖြစ်ပေါ်ခွင့်မရှိလို့ ရူမှတ်ခြင်း တမျိုးကိုကောင်းစွာ ရူမှတ်၍ မမေ့မလျော့ ပြင်းပြစွာအားထုတ်သော ရဟန်းသည် မျက်မှောက်ဘ၀၌ ပင် အရဟတ္တဖိုလ်ကို ရလတ္တံ… အစွဲကြွင်းကျန်သေးရင် အနာဂါမ်မိဖိုလ်ကို ရလတ္တံ… ဟု မြတ်စွာဘုရားရှင်က ဟောတော်မူပါတယ်…
ဝေဒနာတွေပေါ်မှာ သတ္တဝါတွေဟာ ငါ၊ငါ့ဟာ၊ ငါ၏ကိုယ်ကောင်၊ ငါခံစားတယ်လို့ ယူစွဲထားတယ်… အဝိဇ္ဇာနဲ့ ငါလို့ယူထားလို့… ငါလို့ ယူထားတာဟာ မှားယွင်းနေတဲ့ အတွက်ကြောင့် ဝေါဟာရတခု သက်သက်ပေးတာ… အမှန်က ခြေဖဝါးကနေ ခေါင်းအထိ ဘယ်နေရာမှာမှ ငါရယ်လို့ ကွန်းခိုနေတာမဟုတ်ဘူး… ဆံပင်နက်ချင်တယ် ဘာဖြစ်လို့ ဖြူလာလဲ… ပိန်ချင်တယ် ဘာဖြစ်လို့ ၀နေတာလဲ… မပိုင်ဘူးဆိုတာ သေချာနေလို့ပေါ့… အသားအရေတင်းချင်တယ်၊ ပြောင်ချင်တယ် ဒါပေမယ့် အသားအရေတွေက လျှော့ရဲလာတယ်၊ တွန့်လာတယ် ဆိုရင် ဒီအသားအရေပေါ်မှာ ငါလို့ ယူထားတာ မှန်ပါ့မလား… ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက အဲဒီအတိုင်းပဲ… ဆရာဝန်တွေ ပိုသိတာပေါ့… ဆရာဝန်တွေလည်း သတ္တဝါဖြစ်တဲ့အတွက်ကြောင့် အဝိဇ္ဇာ ရှိနေတာပဲ… သူတို့ ဘယ်လောက်သိသိ ငါလို့ ယူစွဲတာပဲ…
အဲဒါက ပြဿနာပဲ… ဒီလို ငါပိုင်တယ်လို့ ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ သဘာ၀တရား သူ့အကြောင်း သူ့အကျိုး အဆက်အစပ်က သွားနေမှာပဲ… အသစ်မှန်သမျှဟာ ဟောင်းနေမှာပဲ… ဟောင်းစဉ်မှာပဲ ဖောက်ပြန်နေမှာပဲ… နောက်ဆုံး ကျေပျက်ခြင်းနဲ့ အဆုံးသတ်မှာပဲ… ဒီ ဖြစ်စဉ်ကြီးက မပြောင်းဘဲဘူး… ယခင် ဘိုးဘေးဘီဘင်လက်ထက်ကတည်းက မှန်ခဲ့သလို နောင် အနာဂတ်မှာလည်း ဆက်မှန်နေဦးမှာပဲ…
တရားကျင့်တဲ့ ယောဂီဟာ ထုံကျင်ကိုက်ခဲနာကျင်မူတွေဖြစ်လာရင် သူအမြဲတမ်း ရွှေ့မှတ်နေရတယ်… တချိန်သောကာလမှာ သစ္စာတရားကို နာပြီး ထုံကျင်ကိုက်ခဲနာကျင်မူတွေကို စွန့်လွှတ်သောဉာဏ်နဲ့ အပြစ်ကိုမြင်ပြီး မယူမစွဲဘဲ နေကြည့်တာ ဒီ ထုံကျင်ကိုက်ခဲနာကျင်မူကိုပဲ စိတ်မှာမဆင်းရဲဘဲ နေနိုင်တာ စိတ်မှာ တအံ့တဩတွေ့ရတယ်… ဘုန်းတော်ကြီးသော မြတ်စွာဘုရားရှင်သည်လည်း အသက်ပင်သေသေ အရေပင်ခန်းခန်း သစ္စာဖြင့် လွတ်မြောက်မူနဲ့ နေနိုင်လိမ့်မယ်လို့ ဒီယောဂီ ယုံကြည်သွားလိမ့်မယ်… ဘုရားရှင် ရေသောက်ချင်တယ် ရေဆာတယ်လို့ မိန်နေတာဟာ ဒါဟာ လောကအတွက်၊ သတ္တဝါတွေ အတွက်ပါလားဆိုတာ အဲဒီ ယောဂီဟုတ်တိုင်းမှန်စွာ သိသွားလိမ့်မယ်…
ဒါပေမယ့် အခုခေတ် ဘုရားရှင်တောင် ဝဋ်ဆင်းရဲ မကင်းဘူးလို့ ဆိုနေသူတွေဟာ အပေါ်ယံသိသောသူတွေဖြစ်ပြီး အဲဒါဘာကြောင့်လဲဆိုတော့ လောကမှာ သစ္စာပျောက်သွားလို့ပဲ… ဘုရားရှင်ရဲ့ သစ္စာတရားတော်ကို ခန္ဓာဉာဏ်ဆိုက်သိထားမှသာ ဘုရားရှင်နဲ့ ရဟန္တာတွေရဲ့ စိတ်ရင်းအမှန်ကိုနားလည်မှာဖြစ်သောကြောင့် အရေးတကြီး သိရန်လိုသော သစ္စာတရားတော်ကို ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ အွန်လိုင်း ဗုဒ္ဓဘာသာဝင်အပေါင်းနာနိုင်ရန် တင်ပေးလိုက်ပါသည်…
တရားတော်ကို နာပြီးရင်သော်လည်းကောင်း၊ အချိန်ရတဲ့ အားတဲ့အချိန် နာယူဖို့ သိမ်းထားရန်အတွက် လည်းကောင်း... ဆရာတော်၏ တိုက်ရိုက် Live လွှင့်သောတရားများ နှင့် တရားတော် အသစ်များကို နာယူလို့သော ဗုဒ္ဓဘာသာဝင်အပေါင်းနှင့်တရားတော်ကို တပါးသူ မိမိ မိဘ သူငယ်ချင်း ဆွေမျိူးသားချင်း များ သိအောင် တရားတော်တင်ထားသော Post ကို Share လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ Page ကို See First လုပ်ထားပေးခြင်းများဖြင့် ဓမ္မ အလှူကုသိုလ်ကို ရယူလိုက်ကြပါ ...
အသစ်ထွက်ရှိသော တရားတော်တွေကို အချိန်နှင့် တပြေးညီ နာယူချင်သော.. ဆရာတော် ဟောကြားခဲ့သမျှ တရားတော်အားလုံးကို နာယူချင် သိမ်းထားချင်ကြသော ... တရားတော်ကို Quality ကောင်းကောင်းဖြင့် ဒေါင်းပြီး သိမ်းထားလိုကြသော ဗုဒ္ဓဘာသာဝင်အပေါင်း ဆရာတော် ၏ KZitem Channel ကို SUBSCRIBE လုပ်ထားခြင်းဖြင့် ဓမ္မ အလှူကုသိုလ်ကို ရယူလိုက်ကြပါ ...
ဤ တရားတော်ကြီးကို ဆရာတော် အရှင်အရိယဓမ္မ မှ ဟောကြားထားပြီး နောက်ထပ် တရားဒေသနာများ နှင့် အဆုံးအမ များကို Facebook Page ၂ ခုစလုံး တွင်လည်း ဖော်ပြထားပါသည် ...
First FB Page Name - သစ္စာလေးတန် မဟာသတိပဌာန်ဝိပဿနာ တရားတော်များ
FB Page Link - / dhammaofsfnt
Second FB Page Name - သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာတရားတော် ဗွီဒီယိုများ
FB Page Link - / sfntofdhammavideo
( ZawGyi Version )
Негізгі бет " ဒွယတာနုပဿနာ တရားတော် " (စတုတ္ထပိုင်း)
Пікірлер