အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့အတူ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးကို တရုတ် အာဏာရ ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ပါတယ်။
ထုတ်ပယ် ခံရသူတွေထဲမှာ မနှစ်တုန်းက လူမြင်ကွင်းကနေ ပဟေဠိဆန်ဆန် လနဲ့ချီ ပျောက်ဆုံးနေပြီးမှ ရာထူးကနေ ဖယ်ရှားခံခဲ့ရသူ လီရှန်ဖူလည်း ပါဝင်ခဲ့ပါတယ်။
လီဟာ ၂ လကြာပျောက်ဆုံးနေပြီးတဲ့နောက် အောက်တိုဘာလမှာ သူ့ကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ တရုတ် အစိုးရက ကြေညာခဲ့ပါတယ်။ သမ္မတ ရှီကျင့်ဖျင်ရဲ့ လူယုံတစ်ဦးအဖြစ် သတ်မှတ် ခံခဲ့ရတဲ့ လီဟာ ကာကွယ်ရေး ဝန်ကြီးနေရာမှာ ၇ လပဲ တာဝန်ယူခွင့် ရခဲ့တာ ဖြစ်ပါတယ်။
လီကို ရုတ်တရက် ထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက ဘာရှင်းလင်းချက်မှ မပေးခဲ့ပါဘူး။ အဲဒီ ရာထူးနေရာ အပြောင်းအလဲကြောင့် တရုတ်-အမေရိကန် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်စေခဲ့ဖူးပါတယ်။
ဇွန်လ ၂၇ ရက်နေ့က ပါတီကနေ နှင်ထုတ်ခြင်း ခံရသူ နောက်တစ်ဦးကတော့ ဝေဖန်ဟီဖြစ်ပါတယ်။ သူကလည်း ကာကွယ်ရေး ဝန်ကြီးဟောင်း တစ်ဦးပါ။ လီနဲ့ ဝေတို့ဟာ ပါတီရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့ ဥပဒေတွေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြတယ်လို့ ပါတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စွဲချက်တွေထဲမှာတော့ သူတို့နှစ်ဦးဟာ ကိုယ်ကျိုးအတွက် လာဘ်ငွေနဲ့ တခြားကမ်းလှမ်းမှုတွေကို လက်ခံခဲ့တယ်လို့လည်း ပါရှိခဲ့ပါတယ်။ ဗဟိုစစ်ရေး ကော်မရှင်က လအတော်ကြာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် အခုစွပ်စွဲမှုနဲ့ အရေးယူမှုတွေကို ကြုံလာရတာ ဖြစ်ပါတယ်။
မနှစ်တုန်းက တရုတ် အစိုးရ အဖွဲ့ထဲမှာ အရေးပါတဲ့ ရာထူးနေရာနှစ်ခုမှာ အပြောင်းအလဲတွေနဲ့ လှုပ်ခတ်ခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်ဟာလည်း လူမြင်ကွင်းကနေ ကာလအတော်ကြာ ပျောက်သွားပြီးတဲ့နောက် ထုတ်ပယ် ခံခဲ့ရပါတယ်။
ဒါ့အပြင် တရုတ် သမ္မတ ရှီဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေကို ကြီးမှူး တာဝန်ယူရတဲ့ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်တချို့ကိုပါ အနားပေးခဲ့တာ တွေ့ရပါတယ်။
ကိုးကား: Guardian ၊ ဓာတ်ပုံ − ရိုက်တာ
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ ludunwayoo
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 - t.me/communityfactchecking
Негізгі бет ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦးကို တရုတ် ကွန်မြူနစ် ပါတီ ထုတ်ပယ် | People's Spring
Пікірлер: 1