မန္တလေးမှာ စစ်အုပ်စု ငွေညှစ်ဂိတ်အနီးက ဘဏ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း(၆၀၀)ကျော် ပါသွား၊
မန္တလေးမြို့အဝင်အထွက်တွေ စစ်အုပ်စုက ပိတ်ဆို့ထားချိန် ဓားပြတိုက်ခံရတာဖြစ်၊
AN/MFP ၊ ဇူလိုင် - ၅
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အရှေ့မြို့ပတ်လမ်းနဲ့ (၂၆)လမ်းထောင့်၊ စစ်အုပ်စု ငွေညှစ်ဂိတ်အနီး၊ Denko စက်သုံးဆီ ဆိုင်ထဲက အသေးစား ဘဏ် ဒီနေ့ ဓားပြတိုက် ခံရပြီး ငွေကျပ် သိန်း(၆၀၀)ကျော် ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင်(၅)ရက်၊ ဒီနေ့လည်(၁၂)နာရီထိုးခါနီးအချိန်၊ စစ်အုပ်စု ဂိတ်ဖွင့် ငွေညှစ်လေ့ရှိတဲ့ (၂၆)လမ်းနဲ့ အရှေ့ မြို့ပတ်လမ်းပေါ်ရှိ Denko ဆီဆိုင်ထဲက အသေးစားဘဏ်ကို သေနတ် နှစ်လက်နဲ့ လူခြောက်ယောက်က ဝင်ရောက် ဓားပြတိုက် လုယက်သွားတာလို့ ဆိုပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်း(၆၀၀)ကျော် ပါသွားတယ်လို့ စစ်အုပ်စု က ဖြန့်တဲ့ CCTV မှတ်တမ်းမှာ ပါရှိ ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ အဝင်၊အထွက်တွေကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို တားဆီး စစ်ဆေး ငွေညှစ်နေသလို ဓားပြတိုက်ခံရတဲ့ နေရာဟာလည်း စစ်အုပ်စု၊ ပျူ၊ ရဲ၊ စည်ပင်၊ မီးသတ်နဲ့ မော်တော်ပီကယ်တွေ နေ့စဉ်မပြတ် ပြည်သူကို ဖမ်းဆီးငွေညှစ်လေ့ရှိတဲ့ နေရာဖြစ်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
"အဲဒီ (ဓားပြတိုက်ခံရတဲ့ ဆီဆိုင်အနီး) နားမှာ နေ့တိုင်း မထသတွေနဲ့ မော်တော်ပီကယ်၊ ရဲတွေ ရှိတယ်။ ရဲတွေဆို ဦးထုပ်များ မပါလာတဲ့ ဆိုင်ကယ်ဆို Denk oဆီဆိုင်ထဲအထိ ဝင်ဖမ်းတာ။ အဲဒီ ကြားထဲက အလုခံရတာ (ဆိုတော့) ဒီကောင်တွေနဲ့ နီးတဲ့နေရာတွေက ပို အန္တရာယ်များတယ်"လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
မန္တလေးနဲ့ ထိစပ်နေတဲ့ မတ္တရာနယ် အပါအဝင် မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ဒေသက မြို့နယ်တွေမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်တဲ့ ဇွန်(၂၅)ရက်က စတင်ပြီး စစ်အုပ်စုက မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေး ငွေညှစ်တာတွေ လုပ်နေသလို မန္တလေးမြို့နှံ့မှာလည်း စစ်အုပ်စု သစ္စာခံ လက်နက်ကိုင်တွေက ဖမ်းဆီး ငွေညှစ်တာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ နည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ ပျူတွေက ရဲယူနီဖောင်း ဝတ်ပြီး မန္တလေးမြို့မှာ ဓားပြမှုနဲ့ လုယက်မှုတွေ ကိုယ်တိုင် ကျူးလွန်ခဲ့ပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет မန္တလေးမြို့အဝင်အထွက်တွေ စစ်အုပ်စုက ပိတ်ဆို့ထားချိန် ဓားပြတိုက်ခံရ၊
Пікірлер: 5