မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲ ဇွန်(၁၉)ရက် မနေ့က မနက်ပိုင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ စစ်အုပ်စုက ဝိုင်းဝန်း ပစ်ခတ်တာ ဖြစ်တယ်လို့ ကားပေါ် အတူလိုက်ပါခဲ့တဲ့ ဆရာတော်က မိန့်ကြားပါတယ်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ ကံသုံးဆင့် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့ ယာဉ်မောင်းတို့ လိုက်ပါလာတဲ့ ကားကို လုံခြုံရေး ကင်းလှည့်နေတဲ့ စစ်အုပ်စုက ကားမှန်မချဘဲ မောင်းနှင် လာတဲ့အတွက် ဆိုပြီး ပစ်ခတ်ခဲ့ရာ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်မှာ ပွဲချင်းပြီး ပျံလွန်တော်မူပြီး ကျန်ဆရာတော်နဲ့ ကားမောင်းသူ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ပစ်ခတ်မှုကို စစ်အုပ်စုက လုပ်တာမဟုတ်ဘဲ PDF တွေက လုပ်တာလို့ စစ်အုပ်စုက လိမ်ညာ သတင်းဖြန့်ထားပါတယ်။
#Mandalay_Free_Press_MFP
Негізгі бет ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်အား ဖောကားနဲ့ စစ်အုပ်စုက ဝိုင်းပြီး ပစ်ခတ်ဟု အတူပါ ဆရာတော် မိန့်၊
Пікірлер: 17