နေမကောင်းဖြစ်ပြီး Root Chakra အားနည်းသွားတာ၊ ပိတ်ဆို့သွားတာတွေကို ကုသပေးနိုင်တဲ့အသံဖိုင်ဖြစ်ပါတယ်။
အမြစ်ချက္ကရအားနည်းသွားတဲ့ ပိတ်ဆို့တဲ့သူတွေမှာ တွေ့ရတတ်တာကတော့ စိုးရိမ်စိတ်ကြောင့် မလုံခြုံမှုကို ခံစားနေရခြင်း၊ မကြာခဏစိုးရိမ်ပူပင်ခြင်း၊ ကြောက်တတ်ခြင်း၊လန့်တတ်ခြင်း။ စိတ်ကျရောဂါ(အနု၊အလယ်အလတ်၊အပြင်းစား) ၊အလွန်အကျွံစိတ်ခံစားချက်များရှိနေခြင်း၊အစွဲအလန်းကြီးများခြင်း၊အိပ်မက်ဆိုများမကြာခဏမက်ခြင်းစိတ် မတည်မငြိမ်ခံစားရခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ အာမခံချက်မရှိသလို ခံစားနေရခြင်း။ ဆုံးဖြတ်ချက်ချဖို့စိုးရိမ်ခြင်းတို့ဖြစ်ပါတယ်။
ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။ ဝလာတတ်တယ်။ မထိန်းနိုင်အောင်ဖြစ်တတ်ပါတယ်။ အူမကြီးပြဿနာများ (ဥပမာ- ဝမ်းချုပ်ခြင်း); သို့မဟုတ် ဆီးအိမ်ပြဿနာများ (ဥပမာ- ပိုးဝင်ခြင်း သို့မဟုတ် မထိန်းနိုင်ခြင်း)။ ဆီသွားလွန်းခြင်း စတဲ့ပြဿနာတွေကို တွေ့ရပါတယ်။
ဒီလက္ခဏာတွေထဲမှာ ကိုယ်ကအကျုံးဝင်နေတယ်ဆိုရင်တော့ ကုသဖို့လိုပါတယ်။ ဘယ်လိုကုသမှာလဲဆိုတော့ ကိုယ့်မှာ ရှိနေတဲ့ စွမ်းအင်နဲ့ပဲ ကိုယ့်ရဲ့အမြစ်မှာ ပိတ်နေတာ၊ ပျက်ဆီးထိခိုက်နေတာတွေကို ကောင်းအောင်လုပ်ပေးဖို့ပဲ ပိတ်နေတာ ပွင့်ပေးခြင်း၊ပျက်နေတာကို ပြန်ကောင်းအောင် ပြင်ပေးဖို့ အတွက်ပဲ။ဘာနဲ့ ကုမှာလည်း ကိုယ့်ရဲ့စွမ်းအင်နဲ့ပဲ၊ ဘယ်သူက ကုမှာလည်း ကိုယ်ကိုယ်တိုင်ပဲ ကုရမှာပါ။ အဲလို ကုသခြင်းကိုပဲ Root Chakra Healing လုပ်တယ်လို့ဆိုပါတယ်။
ဒီအသံဖိုင်ကို နေ့စဉ် နားထောင်ပေးရင်းနဲ့ကုသနိုင်ပါတယ်။
ဒါ့အပြင် အနီရောင်ကို ကြည့်ပါ။ အနီရောင် အစားအစာကို စားပါ။ အနီရောငင်တွေကို များများ ဝတ်ဆင် သုံးစွဲပေးပါ။
နောက်ထပ်ဆောင်ရွက်ရမဲ့နည်းလမ်းကတော့
(၁) ကောင်းတာပဲ တွေးပါ။ ကောင်းတဲ့စကားပဲ ပြောပါ။ ကောင်းတဲ့ အလုပ်တွေပဲ လုပ်ပါ။
နောက် လေ့ကျင့်ခန်းကတော့ ပါးစပ်ကနေ ထုတ်ရွတ်ရပါမယ်။
(၁) ငါ ဟာ လုံခြုံတယ် ဘေးကင်းတယ် ဘာမှ ကြောက်စရာမလိုဘူး။
(၂) ငါ့ကိုယ်ငါ ယုံတယ်၊ ဘာမဆို လက်ခံနိုင်တယ်။ ဘယ်သူ့ကိုမှလည်း စိတ်မဆိုးဘူး။ နားလည်ပေးနိုင်တယ်။ငါ့မှာ ဒေါသဆိုတာ မရှိတော့ဘူး။ အေးချမ်းတယ်၊တည်ငြိမ်တယ်။
(၃) ကျေးဇူးတင်တယ်။လူတိုင်းဟာ ငါ့အတွက်ကျေးဇူးတင်ရမဲ့လူတွေချည်းပဲ၊ ကောင်းတဲ့ လူတွေက ငါ့ကို အကျိုးပြုသလိုပဲ မကောင်းတဲ့လူတွေကလည်း ငါ့ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပေးတယ်။
(၄)ငါဟာ အမြဲတမ်း ကြိုးစားနေတယ်။ ပျင်းရိမနေဘူး၊ ဘာမဆို အကောင်းဆုံးလုပ်နိုင်တဲ့သူ ဖြစ်တယ်။
(၅)ငါဟာ ချစ်တတ်တယ်၊ ကြင်နာတတ်တယ်။ သနားတတ်တယ်။ မေတ္တာတရားကြီးမားတဲ့သူဖြစ်တယ်။
အဲဒီ အချက် ၅ ချက်ကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ၅ ချက်အနေနဲ့ လက်ခံပြီး နေ့စဉ် ရွက်ပါ။ ကျင့်သုံးပါ။
ဒါဆိုရင် အမြစ်ချက္ကရအားကောင်းတဲ့သူ ဖြစ်လာပြီး စိတ်ရောရုပ်ပါကျန်းမာလာပါလိမ့်မယ်။
မေတ္တာဖြင့်
May Thingyan Hein-Myitmakha
Chakra Energy Healer
Негізгі бет Root Chakra Healing Musice
Пікірлер: 37